Professional Authors

တစ်ဖတ်သတ် အဆုံးသတ်

အိမ်မက်နဲ့  လက်တွေ့ မှာ
ရင်ဘက်ကတောင့်တရာ ခံစားချက်များ
ရင်ကိုပြန်လည်နာကျင်စေခဲ့သလား
အရိုးသားဆုံးသောအချစ်နဲ့ 
ရင်ခုန်စေခဲ့တဲ့အကြည့်တို့ 
ငါ့ကိုပြုစားခဲ့လေသလား…။

ငါ့ရင်မှာနာကျင်နေတာ
မင်းအမြင်ပါ…

ငါ့အချစ်မှာမပျော်ရွှင်နိုင်တာ
ဘာကြောင့်လဲ…

မှားနေလို့ လား…

မပြည့်စုံလို့ လား…

ငါ့ကိုယ်ငါပြန်စဉ်းစား
ညတွေကုန်လွန်ခဲ့ပြီ…ချစ်တဲ့သူရယ်
လွဲနေသလား ငါ့အချစ်တွေက
မင်းအတွက်များ အနှောင့်အယှက်ဖြစ်စေသလား…။

နှလုံးသားနဲ့ အရင်းပြုပြီး
မင်းကိုငါသိပ်ချစ်ခဲ့ တယ်…
ဇာတ်လမ်းရဲ့ အဆုံသတ်ကျတော့
ငြင်းပယ်ဖို့ နင်ကြိုးစားခဲ့တယ်…
ရင်ထဲမှာဗြောင်းဆန်တော့
စိတ်တွေလေလွင့်ခဲ့တယ်…။

အဓိပ္ပာယ်မဲ့တဲ့ နေ့ တွေလည်း
မျှော်လင့်ချက်မဲ့စွာနဲ့ ပဲ
လျှောက်လှမ်းခဲ့ရတယ်
နေရက်တွေလည်း ကုန်ဆုံးခဲ့
နွေ မိုး ဆောင်း ပြောင်းသွားရင်တောင်
ငါ့ရင်မှာမင်းကထာဝရရှင်သန်နေမှာပါ…။

ငါ့နှလုံးသားရဲ့  မနောဓာတ်တည်ရာ
သွေးအစုလေးမှ တောင့်တခဲ့လို့ 
အချစ်ကိုရှာဖွေခဲ့ရာမှ
မင်းကိုမှ…
ရူးသွပ်စွာစွဲလမ်းခဲ့တယ်
နားမဆံတဲ့စကားတွေနဲ့ 
ရင်ကိုကွဲမတတ်ကြားလိုက်ရတဲ့ 
စကားတွေက…
လူ့ လောကထဲဝင်လာပြီးမှ
ပြန်သေရမယ့်အဖြစ်မျိုးပါ…။

ငါ့ဘ၀က ဘ၀ရှိပြီး
မျှော်လင့်ချက်မရှိတော့တာပါ…။

တိုက်ဆိုင်လာတိုင်း မင်းကိုတော့
လွမ်းနေဦးမည်
ဒါပေမဲ့  မတမ်းတတော့ပါ…။

In: ကဗျာ Posted By: Date: Jan 21, 2013
Comment #1

Wow,,,
I find that lots of much more improvement in this poem.

I like all except the last one.

commentinfo By: ei lay at Jan 21, 2013
Comment #2

ma ei lay pyaw tr i nar m lal woo
pls myanmar lo lay pyaw pya pr lar 😀

commentinfo By: loafer at Jan 21, 2013
Comment #3

A yann toe thet lar de loh pyaw like mi tar.
Nar le bu de.
🙁
E Dar so le p yaw,,
Nout so shin shin Linn Linn be pyaw dot me.

commentinfo By: ei lay at Jan 21, 2013
Comment #4

ကောင်းပါတယ် မောင်လေး
အဆုံးသတ်လိုက်ပါတော့

commentinfo By: မေပျို at Jan 22, 2013
Comment #5

တိုက်ဆိုင်လာတိုင်း မင်းကိုတော့
လွမ်းနေဦးမည်
ဒါပေမဲ့  မတမ်းတတော့ပါ…။
သိပ်ကိုမိုက်တယ် စာသားက ~~

With respect,
RAY

commentinfo By: X - ray at Jan 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment