Professional Authors

တစ်ဖတ်သတ်…သာ

အခြေအနေ မတူတဲ့..
ဒို့ ဘ၀ ခရီး..
ဘယ်လို နီးမလဲ
မတွေးတတ်ပါ..
အညတြ သ္မားရဲ့ ရင်တွင်းမှာ..
အချစ်စစ် တစ်ခုပဲ..ရှိတယ်ဟာ
ပကာသနကို အမွှန်းတင်
မြကို စိန်နဲ့ ခြယ်ချင်တဲ့..
လူကုန်ထံ အသိုင်းအ၀ိုင်းကို
အရိုင်းအစိုင်းလေး..ငါ
ဘယ်လို ၀င်တိုးရမလဲ..ဟာ
အနေနီး အချစ်ကြီးပေယ့်
ပကာသနတွေ ကာရံထားလို့ 
နင်နဲ့..ငါ
ကမ္ဘာတစ်ဖက်ဆီ..
ဝေးနေကြသလို..ပါ
တစ်သက်မှာ တစ်ခါချစ်ခဲ့ပေမယ့်
မဖြစ်နိုင်ပါ အခြေအနေက
နင့်ဘ၀နဲ့…ငါ
အလှမ်းကွာလွန်းတယ်..ဟာ
ဒီတော့.ငါလေ
ရင်တွင်းက အချစ်စိတ်
ကြိတ်မှိတ်လို့ မျိုသိပ်ကာ
တစ်ဖက်သတ် ဘ၀နဲ့ပဲ..
ချစ်နေတော့မယ်…
ကောင်မလေး..ရာ

In: ကဗျာ Posted By: Date: Dec 26, 2010
Comment #1

ကောင်းပါတယ်ဗျာ ကဗျာလေး

commentinfo By: moehtetaung18 at Dec 27, 2010
Comment #2

နင့်ဘ၀နဲ့…ငါ
အလှမ်းကွာလွန်းတယ်..ဟာ
ဒီတော့.ငါလေ
ရင်တွင်းက အချစ်စိတ်
ကြိတ်မှိတ်လို့ မျိုသိပ်ကာ
တစ်ဖက်သတ် ဘ၀နဲ့ပဲ..
ချစ်နေတော့မယ်…
ကောင်မလေး..ရာ
good ပဲဗျာ… အားပေးပါတယ် ကိုမိုးစက်

commentinfo By: genius.jinx28 at Dec 27, 2010
Comment #3

Hin…
Da ke ma chit Dar.
🙁

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment