Professional Authors

သူငယ်ချင်း

စည်းတစ်ခုဖြစ်မယ်မှန်းသိရင်
အစကတည်းက
ငါမထုံးဖွဲ့ခဲ့ပါဘူး…
တစ်ရစ်ချင်းပြိုဆင်းလာတဲ့
သံယောဇဉ်ထုရဲ.အောက်မှာ
ငါ့ရင်ခုန်သံလေးလည်း
အသက်ရှုမမှန်ချင်တော့ဘူး…
ဘယ်လိုသတ္တိတွေနဲ့
နင့်နှလုံးသားကို ထုဆစ်ရမှာလဲကွယ်
လွယ်လွယ်နဲ့ပွင့်မယ်မှန်းသိရင်တောင်
တွန်းဖွင့်ဖို့ …
ခွန်အားမဲ့ခဲ့တဲ့သူဟာ
ငါပါပဲ သူငယ်ချင်းရယ်…..။           ။

(PS. ဒီကဗျာလေးက ကျွန်တော့်ကဗျာ တစ်ပုဒ်မဟုတ်ပါဘူး…။သူငယ်ချင်းတစ်ယောက်ကလက်ဆောင်အဖြစ်ပေးခဲ့တာပါ…။ ကျွန်တော် ရေးခဲ့တာမဟုတ်ပေမဲ့လဲ ကဗျာကို ကဗျာ အတိုင်းဖတ်စေချင်တဲ့ရည်ရွယ်ချက်နဲ့တင်ဖြစ်သွားတာပါ…။ 🙂 )

In: ကဗျာ Posted By: Date: Aug 18, 2010
Comment #1

အဲ့သူငယ်ချင်းလေးကိုလဲ
poems corner မှာရေးဖို့တိုက်တွန်းလိုက်လေ..
ကဗျာလေးကကောင်းလို့…။။။

commentinfo By: အမရာ at Aug 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment