Professional Authors

ဒီနေ့

ဒီလိုနေ့ပေါ့
နင် နဲ့ ငါ့ အကြားမှာ မျဉ်းဖြောင့်ရေးဆွဲမိခဲ့တာ။

ရင်တွေနာလိုက်တာ..
တစ်သက်စာ မေ့လို့မရတဲ့ နာကျင်မှုမျိုးနဲ့ပေါ့…..
နင်လည်း နင့်အတ္တနဲ့…
ငါလည်း ငါ့ အတ္တနဲ့…
နောက်ဆုံးတော့ မျဉ်းပြိုင် ၂ ကြောင်းဖြစ်ခဲ့ရတယ်။

ဆုံမှတ်မတူပေမယ့်……ရွေ့လျားမှုတူညီတယ်…
ခံစားချက်မတူပေမယ့်……ခံယူချက်တူခဲ့တယ်။

နာကျင်မှုတွေ…နာကျင်မှုတွေ…..
ကံကြမ္မာ သတ်မှတ်ချက်မဟုတ်ခဲ့တဲ့…
ကံကြမ္မာ ချမှတ်ခဲ့တဲ့
ဒို့နှစ်ယောက်စလုံး ဖန်တီးခဲ့တဲ့ ဒီနေ့ ၁၈ ရက်နေ့။
(၁၈-၈-၂ဝ၁ဝ)

In: ကဗျာ Posted By: Date: Aug 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment