Professional Authors

ဒီနေ့

ဒီနေ့

#fullpost {display:none;}

အလင်းယိုင်ခြင်း သင်ခန်းစာက
ဆေးလိပ်ငွေ့ နှာခေါင်းထုတ်သလောက် မခက်ပါဘူး..
ခြေသုတ်ခုံတောင် အမွေးတုန်းတော့မယ်
ကျွှန်တော့် မုတ်သုန်က အညိုမသန်းသေးဘူး
အထွေအထူးမရှိပါဘူး…
အားနာတယ်ဗျာ
ခါးနာတုန်းမို့ သည်စကားပြောရတာပါ…
သည်တစ်အုပ်ထဲပါပဲ
ဟိုမှာတစ်မျိုး ဒီမှာတစ်မျိုးသင်တယ်
တိုင်တိုက်ဆိုင်ဆိုင် ဖြတ်ကနဲ့ကြားလိုက်ရတဲ့သီချင်းက…လေဖြူရဲ့ ဖွဲမီး
တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတဲ့စာတစ်စောင်က…
ဦးလေးတစ်ယောက်ဆုံးသွားတဲ့ သတင်း
ဟော့ အချိန်လွန်ပိတောက်တွေ ပွင့်လာတယ်..
ဆောင်း..ဘယ်တုန်းကပြန်သွားတာလည်းဗျာ
သူ့ နာရေးသတင်းက
….ဒီနေ့….ဒီနေ့.လေ..။

In: ကဗျာ Posted By: Date: Feb 15, 2011
Comment #1

အချိုးတွေ ရေလည် လန်းတယ် ။ လန်ထွက်စ် …. ။

commentinfo By: ထူးဝေ at Feb 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment