Professional Authors

မီးပြတိုက်

ငါဟာ မီးပြတိုက်ပါပဲ
ဒီမှာ ကြမ်းတမ်းတဲ့ ကျောက်ဆောင်ရှိတယ်
ငါရှိရာ မလာနဲ.။

ငါဟာ မီးပြတိုက်ပါပဲ
ငါ့ကိုဝင်တိုက်လို. ငါနာကျင်ရမှာထက်
ငါ့ကိုဝင်တိုက်လို. နင်နာကျင်ရမှာ
သွားပါ။

ငါဟာ မီးပြတိုက်ပါပဲ
နေ.မှာငါ့ကို မေ့ကြတယ်
ညမှာငါ့ကို သတိရတာလည်း
ငါ့ကို ဝေးဝေးရှောင်ဖို.ပါ။

ငါဟာ မီးပြတိုက်ပါပဲ
ရေတစ်ဝက်ကုန်းတစ်ဝက် ကမ်းပေါ်က
အထီးကျန် တစ္ဆေ။    ။

In: ကဗျာ Posted By: Date: Aug 17, 2010
Comment #1

ရေမှာပျော်တဲ့ ငှက်ကလေး ဇင်ယော်တွေအတွက်ကတော့….
မီးပြတိုက်ဟာ သူတို့ ရဲ့ နားခိုရာလေးပါလေ…..
ကဲ့…အထီးကျန်သေးရဲ့လားရှင်…
အဝေးကို သိပ်မမျှော်ကြည့်ပါနဲ့…
အနီးကပ်မြင်နိုင်အောင် ကြည့်ကြည့်ပေါ့နော်…း))

commentinfo By: မှုံရွှေရည် at Aug 25, 2010
Comment #2

i don’t think so,,
i feel that u have important main point,

commentinfo By: ei lay at Feb 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment