Professional Authors

စိတ္တဇပန်းချီနှင့် ဘောင်ကွပ်သောကောက်ကြောင်း

ငါက………..ဖယောင်းတိုင်လိုလူပါမေ
အပူခံမယ်
အရည်ပျော်ခံမယ်
အလင်းရောင်ပေးမယ်
အသုံးတည့် မယ်ဆိုရင်ပေါ့ 
တစ်ကယ်တော့ ………..
အရည်ပျော်ပြီးရင်တောင်
ရုပ်ပိုင်းဆိုင်ရာ
ဓာတုဗေဒပစ္စည်နဲ့ 
ငါ့ မေတ္တာတရားကိုနှိုင်းယှဉ်ဖို့ 
ငါမရူးမိုက်သင့် ဖူး
မေ………….
ငါမင်းကိုချစ်တယ်
အရောအစပ်
အရောင်အဆင်း
အချည်းအနှီးမဖြစ်လိုတော့ တဲ့ အခါ
ငါ့ အချစ်သည်အတ္တနဲနဲနှင့် ရှင်သန်သည်
အပေးအကမ်း
အနစ်အနာ
အပြစ်အဆာ
ဘာမျှမတွေ့ အောင်ခံစားမိသောအခါ
ငါ့ အချစ်သည်အတ္တများများကင်းသည်
ဝိရောဓိစိတ်နှင့် ချစ်သည်
ပြီးတော့ ပြက်သားစွာချစ်သည်
နုညံ့သောအခါပန်းချီကားပေါင်းများစွာနှင့် 
ကဗျာဆန်သောကဗျာပေါင်းများစွာ
မွေးဖွါးတက်သလောက်
ကြမ်းတမ်းသောအခါ
ရာဇ၀င်မှာမင်းသိသမျှသော
လူကြမ်းပေါင်းများစွာထက်ငါသည်
ကြမ်းတမ်းကောင်ကြမ်းတမ်းမည်
ငါမင်းကိုချစ်သည်
ငါ့ အချစ်သည်ပူလောင်သည်
မင်းစိတ်ဆိုးသောအခါ
………………………
ငါမင်းကိုချစ်သည်
ငါ့ အချစ်သည်အေးမြသည်
မင်းပျော်ရွှင်နေသောအခါ
………………………….
ထို့ ကြောင့် ငါ့ အချစ်သည်
မင်းအတွက်
ခေတ်သစ်………………
ရသာစုံသော
ဝိုင်တစ်ခွက်နှင့် တူနိုင်သည်
ပန်ချီကားတစ်ချပ်နှင့် ခွဲခြားနိုင်မည်မဟုတ်ပါ
ထို့ အတွက်ငါ.မင်းကိုချစ်သည်

In: ကဗျာ Posted By: Date: Jul 10, 2010
Comment #1

ထို့အတွက်…ဘယ်အရာမှမပါပဲ..မောင့်ကို ချစ်သည်….

commentinfo By: ............................ at Jul 10, 2010
Comment #2

😛
😛
😛
no reason if u r really falling in love.

commentinfo By: ei lay at Oct 2, 2012
Comment #3

အရောအစပ်
အရောင်အဆင်း
အချည်းအနှီးမဖြစ်လိုတော့ တဲ့ အခါ
ငါ့ အချစ်သည်အတ္တနဲနဲနှင့် ရှင်သန်သည်

commentinfo By: အသဲကွဲမိုး at Oct 2, 2012
Comment #4

*=*
*=*
*=*
*=*
*=*

commentinfo By: ei lay at Oct 14, 2012
Comment #5

မိုက်တယ်ဗျာ….

commentinfo By: 13th at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment