Professional Authors

ဒဏ်ရာပြတိုက်

ဒဏ်ရာပြတိုက်

 

အနာက တဖြည်းဖြည်းနေမြင့်လာ

ကိုယ့်အရိပ်လေးကို ကြည့်တော့ ဖဝါးအောက်ပျောက်

သေချာတယ် အပူဆုံးအချိန်ပါပဲ

စိတ်က ဥတ္တရယာဉ်စွန်းတန်းဆို

ကိုယ်က ဒက္ခိဏယာဉ်စွန်းတန်းပေါ့

နေနဲ့လကိုလဲ အမှတ်မှားမှားနေမိ

လှောင့်ချိုင့်ထဲမှာ နှင်းဆီဆိပ်ထိခဲ့သူ

လေးဘက်လေးတန်မှာ နေရောင်ခြည်

ရှာ…. မတွေ့ ….. ခဲ့ ….. ဘူး

အဝင်ဝမှာ စစ်ဆေးရေးမရှိသလို

တံခါးတိုင်းဟာ ဟင်းလင်းဖွင့်

ဝင်ချိန်ထွက်ချိန်ဟာ ၂၄ နာရီ

ခြေရာတွေကိုလဲ မှတ်တမ်းမထားရှိပါဘူး

ဒီ ဒဏ်ရာပြတိုက်လေးပေါ့

နှလုံးသားကို ပတ်တီးအပြည့်စည်းလို့

သွေးသားတွေနဲ့ ဧည့်ခံတယ်

အသက်နဲ့ထပ်တူ ချစ်ခဲ့လေသမျှ

မရဲတရဲနဲ့ တံခါးမစေ့ခင်

ပြန် …. လာ … ခဲ့ …ပါ ….. လား …. ကွယ် ။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jan 10, 2012
Comment #1

so cute

commentinfo By: ei lay at Jan 10, 2012
Comment #2

နေနဲ့လကိုလဲ အမှတ်မှားမှားနေမိ

လှောင့်ချိုင့်ထဲမှာ နှင်းဆီဆိပ်ထိခဲ့သူ

လေးဘက်လေးတန်မှာ နေရောင်ခြည်

ရှာ…. မတွေ့ ….. ခဲ့ ….. ဘူး

အဝင်ဝမှာ စစ်ဆေးရေးမရှိသလို

တံခါးတိုင်းဟာ ဟင်းလင်းဖွင့်

ဝင်ချိန်ထွက်ချိန်ဟာ ၂၄ နာရီ

ခြေရာတွေကိုလဲ မှတ်တမ်းမထားရှိပါဘူး

ဒီ ဒဏ်ရာပြတိုက်လေးပေါ့

နှလုံးသားကို ပတ်တီးအပြည့်စည်းလို့

သွေးသားတွေနဲ့ ဧည့်ခံတယ်……………..ဗျို့ ကိုချီ .လုပ်ဟ….သိပ်ကိုလှပတဲ့ တင်စားချက်တွေ ဗျာ….
လေးစားလျှက်ပါ..

commentinfo By: sharon myorr myor at Jan 10, 2012
Comment #3

နှလုံးသားကို ပတ်တီးအပြည့်စည်းလို့
သွေးသားတွေနဲ့ ဧည့်ခံတယ်
အသက်နဲ့ထပ်တူ ချစ်ခဲ့လေသမျှ
မရဲတရဲနဲ့ တံခါးမစေ့ခင်

ပြန် …. လာ … ခဲ့ …ပါ ….. လား …. ကွယ်———–

ကိုယ်သာဆိုရင်တော့ တံခါးမစေ့ခင်အမှိပြန်မိမှာပဲ

commentinfo By: jasmine at Jan 11, 2012
Comment #4

အများကြီးပြောခဲ့ချင်တယ် Chiron…..ဒါပေမယ့်..ဘာမှ..ထွက်မလာတော့ဘူး…………..
……………………
ရင်ကို တဲ့တဲ့ထိမှန်စေသော……..
…………………………….
ပြန်လာပါစေဗျာ

commentinfo By: အသဲကွဲမိုး at Jan 11, 2012
Comment #5

ကျေးဇူးတင်ပါတယ်ဗျာ။ အားပေးတဲ့သူ အားလုံးကိုပေါ့။ jasmine နဲ့ အသဲကွဲမိုး ရေ မမျှော်လင့်သလို ဖြစ်တတ်လွန်းတဲ့ ကျွန်တော့်ဘဝမှာ မျှော်လင့်ထားတာတွေကိုတောင် ဖြစ်မလာစေချင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ တန်ဖိုးရှိတဲ့အရာရာမှန်သမျှ သူ့ကို အလကားပေးခဲ့မိတော့ သူ့လက်ထဲမှာ အလကားအရာတွေပဲ ဖြစ်သွားတတ်လွန်းလို့ပါ။

commentinfo By: ChIr0N at Jan 13, 2012
Comment #6

hin,,ko chiron ka le,,,
kou khan u chat paw hmar le mu d tay de,,
thu myar ko pe a pyit myin ma nay ne ong lay,,
thu be lo tat hmat htar de so tar ko chiron ka ti loh lar?

commentinfo By: ei lay at Jan 13, 2012
Comment #7

အင်း မသိဘူးလို့ပဲ ပြောရမှာပေါ့ဗျာ။ ဒါပေမဲ့ တန်ဖိုး ထားစေချင်တာပါ။ အဲဒါကို တန်ဖိုးမထားသလို စကားသံမျိုး ဒါမှမဟုတ် အမူအရာမျိုး ကျွန်တော်က မကြားဝံ့ မမြင်ဝံ့ဖြစ်နေလို့ ဒီစကားတွေ ပြောနေတာပါ။ ကျေးဇူးခင်ဗျ အိလေး။ ကျွန်တော် သတိလွတ်နေတဲ့ အချက် ဝင်ပြောပေးလို့။

commentinfo By: ChIr0N at Jan 16, 2012
Comment #8

နောက်တခါထပ်မနည်းဖတ်သွားတယ်ဗျာ
တကယ်
သိပ်ကြိုက်တယ်

commentinfo By: အသဲကွဲ မိုး at Apr 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment