Professional Authors
ဝမ်းနည်းပါတယ်….အရောင်တွေအတွက်နေရာမရှိပါ ( sharon )
ကျေးဇူးပြုပြီး ရပ်တန့် ပေးပါ
ထပ်ခါထပ်ခါရွတ်ဆိုနေအုံးမယ့်
အဲဒီ အချစ် အကြောင်းကို
သူငယ်ချင်းဆိုတဲ့ စည်းတစ်ဖက်ကိုကျော်ဖို့ 
ရင်ခုန်သံတွေ
မလုံလောက်သေးဘူး
ငါကိုယ်တိုင်က
တစ်လောကလုံးကို အဖြူရောင်ရင့်ရင့်ပဲဖြစ်စေချင်တာပါ
ဖြစ်သင့်ပါတယ်လို့ ထင်ကြေးပေးပြီး
အထူအပါးနားမလည်ဘဲ
အေးခဲနေတဲ့ ငါ့နှလုံးသားကို
ရေခဲထပ်ရိုက်ဖို့ ထိတော့ 
ငါ…….မမိုက်ရဲသေးဘူး
ပညာရှိယောင်ဆောင်သူတွေလို
ဦးနှောက်နဲ့ ရွေးချယ်ပါတယ်ဆိုပြီးလဲ
နင့် ကို ငါ  မလှည့် စားရက်ဘူး
လွတ်မြောက်ခြင်းခေါင်းစဉ်တပ်တာမဟုတ်ဘူး
ရယ်မောခြင်းအပိုင်းအစတွေ
လတ်ဆတ်တဲ့ သံယောဇဉ်တွေ
ချိုမြိန်တဲ့ ရိုးသားမှုတွေ
ဒါကိုပဲ
ငါ…..ပိုမြတ်နိုးနေမိလို့ ပါ
နုံအတယ်ပဲပြောပြော
နားလည်ပေးနိုင်ဦးမယ်ဆိုရင်
အရောင်တွေမပါတဲ့ 
အဖြူရောင်သန့် သန့် ခင်မင်မှုနဲ့ 
သူငယ်ချင်းလိုပဲ နေမယ်  …….စိတ်ကူးတယ်။
                                                            ရှာရွန်   27.9.2011 7:25pm
In: ကဗျာ Posted By: Date: Sep 28, 2011
Comment #1
အဖြူရောင်ဟာ……………………….
သန့် ရှင်းပါ၏လော………………………………..
commentinfo By: yaewintaung at Sep 29, 2011
Comment #2
ဒီအတိုင်းလေးပဲကောင်းပါတယ်။..
commentinfo By: poem.poem28 at Sep 29, 2011
Comment #3
ငါကိုယ်တိုင်က
တစ်လောကလုံးကို အဖြူရောင်ရင့် ရင့်ပဲဖြစ်စေချင်တာပါ… ရင်ထဲမှန်သောစကားပါ……..
commentinfo By: sharon myorr myor at Sep 29, 2011
Comment #4
အဖြူရောင် သံယောဇဉ်ပေါ့ မိုက်တယ်ဗျာ ။
commentinfo By: X - ray at Oct 19, 2011
Comment #5
ငါကိုယ်တိုင်က
တစ်လောကလုံးကို အဖြူရောင်ရင့်ရင့်ပဲဖြစ်စေချင်တာပါ
ဖြစ်သင့်ပါတယ်လို့ ထင်ကြေးပေးပြီး
အထူအပါးနားမလည်ဘဲ
ဘေးတီးနေတဲ့ ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှုမှာ
အေးခဲနေတဲ့ ငါ့နှလုံးသားကို
ရေခဲထပ်ရိုက်ဖို့ ထိတော့ 
ငါ…….မမိုက်ရဲသေးဘူး
commentinfo By: May Kha at Oct 21, 2011
Comment #6
wow,,,,,,,,
wow,,,,,,,,
wow,,,,,,,
good luck
commentinfo By: ei lay at Jan 3, 2012
Comment #7
thu nge chin lay par pe…
thu nge chin lay pe de kwe.
commentinfo By: ei lay at Jan 9, 2012
Comment #8
ကို x’ray
မမမေခ
အိ
ကျေးဇူးတင်ပါတယ်ဗျာ
commentinfo By: sharon myorr myor at Jan 9, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment