Professional Authors

နင်မုန်းတဲ့ငါ

သူ့အရယ် သူ့အပြုံးလေးတစ်ခု အတွက်
တစ်ကမ္ဘာလုံးနှင့် စစ်ခင်း
နောက်ထပ်မရှိနိုင်တော့မယ့် အရာအားလုံးကို ဆုံးရှုံးရင်း
နေမ၀င် အင်ပါယာကြီးတစ်ခုလုံး ကျဆုံးခဲ့။
ဖြစ်တည်ခဲ့တာက နူးညံ့တဲ့ ချစ်ခြင်းတစ်ခုတည်းပါ ချစ်သူ ၊
ဖြစ်ပျက်သွားတာက အကြီးမားဆုံး အပြစ်တစ်ခု ရဲ့ဖန်ဆင်းရှင် အဖြစ် ၊
တရား၏  မတရား၏ ဆိုတာတွေကို လဲ ငါမသိ
လိုချင်တဲ့ အချစ်တစ်ခု အတွက်
အရာအားလုံးနဲ့ တစ်ယောက်
ငါ့သွေး ရဲ ခဲ့ပေမယ့်
ပြန်ရလိုက်တဲ့ အရာ က
ကမ္ဘာမကြေ မင်းအမုန်းတွေနဲ့
ငါ့ဘယ်ဘက်ရင်အုံမှာ…… မြှားတစ်စင်း
ကျေပါတော့နော် …..ချစ်သူ
နောက်လဲမယ့် သံသရာတွေထဲမှား
မင်းအမုန်းဆို တာကို တွေးကြည့်လိုက်တာနဲ့
ငါ့သွေးတွေ အေးခဲသွားတာမို့
ဒီဘ၀နဲ့တင်
ကျေပါတော့နော် ….. ချစ်သူ ၊

                                      မယ်သီတာ မုန်းတဲ့
                                                                     Datha

In: ကဗျာ Posted By: Date: Aug 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment