Professional Authors

ဒဿဆိုတဲ့ငါ ကျေနပ်ပါတယ် မယ်သီတာ နင်ပျော်တယ်ဆိုတာသိရလို့

နင်မှာမုန်းခွင့်ရှိသလို

ငါမှာလည်ချစ်ခွင့်ရှိပါတယ်

အနိုင်ရှုံးထက်မတွက်ဘဲအချစ်မှာ

ငါဟာရိုးသားစွာဒူးထောက်ခဲ့သူပါ မယ်သီတာ

ဒဿဆိုတဲ့ငါက ခေါင်းဆယ်လုံးနဲ့ဆိုပေမယ့်

ချစ်ခြင်းမှာတော့ ငါမျက်နှာမများခဲ့တဲ့

ကြိုက်တဲ့သူကိုမေးကြည့်လိုရပါတယ် မယ်သီတာ

အချစ်ကြီးလိုအရှုံးကြီးခဲ့ရပေမယ့်

မယ်သီတာရယ် နင်ကိုမုန်းဖို့နေနေသာသာ

နင်မျက်နှာလေးတစ်ချက်ညှိုးမှာကို

ငါကသေလောက်အောင်ကြောက်နေရသူမယ်သီတာ

လူတကာအမုန်းတော်ခံဘ၀ကိုလည် ငါရင်ဆိုင်ရဲပါတယ်

ချစ်သောမယ်သီတာ နင်ရဲ့စိမ်းစိမ်းကားကားအကြည့်တွေနဲ့

အမုန်းတွေတော့ ငါရင်မဆိုင်ရဲဘူးမယ်သီတာ

မှတ်တမ်းမှာ စံတင်ထာခံချင်လို ငါရူးသွပ်ပြနေတာမဟုတ်ဘူး မယ်သီတာ

လူတိုင်းလူတိုင်းအချစ်နဲ့မကင်းနိုင်တာ ကလေးတောင်သိပါတယ် မယ်သီတာ

ရင်နဲ့ရင်းပြီးရလိုက်ရတာ ငါမလိုချင်တဲ့ နင်ရဲ့အမုန်းတွေ

တစ်ခါတစ်ခါမေတ္တာတရားက အသွားပြန်မရှိဘူးဆိုတာ

ငါအသိနောက်ကျသွားတယ် မယ်သီတာ

ဒါပေမယ်လေ နင့် နင် သိလား မယ်သီတာ

အချစ်ပေးလို အချစ်ငါပြန်မရပေမယ်

မယ်သီတာရယ် ငါအချစ်တွေကိုပြသခွင့်ရတဲ့အတွက်ရှုံးလည်

ငါကျေနပ်ပါတယ်မယ်သီတာ

ငါကျေနပ်ပါတယ် မယ်သီတာ

ငါကျေနပ်ပါတယ်

ငါကျေနပ်ပါတယ် နင့်ပျော်တယ်လို့ ။ ။

လက်ျာ* ကဗျာနန်းတော်

In: ကဗျာ Posted By: Date: Aug 1, 2013
Comment #1

အရင်က ကဗျာတွေ မကြိုက်တက်ဘူး။
ဒါပေမယ့် ဒီမှာ ရှိတဲ့ ကဗျာတွေ ကို ဖတ်ရင်းနဲ့ ခံစားတက်လာတယ်။
ကျေးဇူးပါ။

commentinfo By: နွယ် at Aug 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment