Professional Authors

“ တိုင်သုံးလုံးနဲ့ထမ်းထားတဲ့ အလွမ်း ”

ငါ သိတဲ့ ပန်းချီကားထဲမှာ
နင် လိုချင်တဲ့ အိမ်တစ်လုံးရှိတယ် ။

ငါ မက်တဲ့ အိမ်မက်ထဲမှာ
နင့် အတွက် မီးအိမ်တစ်လုံးရှိတယ် ။

ငါ ရေးတဲ့ ကဗျာထဲမှာ
နင် ပစ်ထားတဲ့ ဟန်တစ်ခုရှိတယ် ။

အဲဒီ့အရာ သုံးခုကြားမှာ
ငါ မုန်းတဲ့ ညီမျှခြင်းတစ်ခုလည်းရှိနေတယ် ။

ဖုံးအုပ်ထားတဲ့ အရာတွေကိုခွါချလိုက်မှပဲ
ရုပ်ပုံထဲက အိမ်တစ်လုံးရယ် …
အိမ်ကလေးထဲက မီးရောင်ရယ် …
မီးရောင်ထဲက အရိပ်ဆန်ဆန်ကိုယ်ပိုင်ဟန်ရယ် …
ကိုယ့်ကိုယ်ကိုယ်သယ်ပြီး ကားလိပ်ဖွင့်ပြတယ် ။

ကဲ … အခန်းတံခါးပိတ်ပြီး အိပ်လိုက်တော့
ဒီပြဇာတ်ကို …
အခုကစပြီး ကြည့်လို့ရပြီ … ။

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

အားပေးသွားပါတယ်……

commentinfo By: May K ha at Dec 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment