Professional Authors

နင်မုန်းတဲ့ငါ

နင်မုန်းတဲ့ငါ

သူ့အရယ် သူ့အပြုံး တစ်ခုအတွက်
တစ်ကမ္ဘာလုံးနှင့် စစ်ခင်း
နောက်ထပ်မရှိနိုင်တော့မယ့်
အရာအားလုံးကို ဆုံးရှုံးရင်း
နေမ၀င် အင်ပါယာကြီးတစ်ခုလုံး
ကျဆုံးခဲ့……..။

ဖြစ်တည်ခဲ့တာက
နူးညံ့တဲ့ ချစ်ခြင်းတစ်ခုထဲပါ………..ချစ်သူ။
ဖြစ်ပျက်သွားခဲ့တာက
အကြီးမာဆုံး အပြစ်တစ်ခုရဲ့ ဖန်ဆင်းရှင်အဖြစ်။

တရား၏ ၊ မတရား၏ ဆိုတာတွေကိုလဲ
ငါမသိ
လိုချင်တဲ့ အချစ်တစ်ခုအတွက်
အရာအားလုံးနဲ့ တစ်ယောက်
ငါ့သွေး  ရဲ  ခဲ့ပေမယ့်
…………………….
……………………
……………………
ပြန်ရလိုက်တဲ့အရာက
ကမ္ဘာမကြေ မင်းအမုန်းတွေနဲ့
ငါ့ ဘယ်ဘက်ရင်အုံမှာ မြှားတစ်စင်း

ကျေပါတော့နော်………..ချစ်သူ

နောင်လဲမယ့် သံသရာတွေထဲမှာ
မင်းအမုန်းဆိုတာကို
 တွေးကြည့်လိုက်တာနဲ့
ငါ့သွေးတွေ အေးခဲသွားတာမို့
ဒီဘ၀ နဲ့တင်
ကျေပါတော့နော်………..ချစ်သူ။

                                     သီတာမုန်းတဲ့ ဒဿ

In: ကဗျာ Posted By: Date: Sep 16, 2010
Comment #1

I like poem

commentinfo By: Min Thu at Sep 16, 2010
Comment #2

အင်း… ဒသ လောက်မဆိုးသေးလို့
တော်သေးတာပေါ့…
ဒသ က မြှားအစင်း တစ်ရာတောင်ဗျ…

အမုန်းမီးများ.. လောင်ကြွမ်းခြင်းမှ ကင်းဝေးကြပါစေကုန်။

commentinfo By: sorrower.kl at Sep 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment