Professional Authors

ခွန်အားဖေဖေ

….. ခွန်အား ဖေဖေ …..
မိဿမည်ထား သမီးမိုက်အား
ဓါးထမ်းမကျော် ဘုန်းကံပေါ်ဖို့
ယုယပိုက်ထွေး ရှာကာကျွေးလျှက်
ဘ၀လမ်းပေါ် ခြေလှမ်းစေသော်
အိုးနင်းခွက်နင်း လောဘပြင်း၍
သောကဖော်ကူ ကျောချယူလို့
မောဟမိုက်တွင်း ခြေစုံဆင်းကာ
မီးမြှိုက်ဥာဉ်ဆိုး အပူတိုးလည်း
ပြစ်တင်ရေးယူ တွေးမပူဘဲ
ဖေးကူလက်ကမ်း ဆက်လှမ်းပေးတယ်
မျှော်မြင်မဲ့တုံး ဘ၀ဆုံးအောင်
ကြမ္မာကပ်ဘေး ခေါ်လာပေးလည်း
မာန်မဲဟိန်းဟောက် သူစိမ်းလောက်တောင်
ခြိမ်းခြောက်ပြစ်ကြမ်း ငိုယိုစမ်းလို့
ဆိုသွမ်းမရှိ ရှည်မြင်သိ၍
“ငွေတစ်ခုသာ ချစ်တတ်ပါလျှင်
မကောင်းမှုစစ် ရေသောက်မြစ်သာ”
ဆုံးမစကား ပုံနှိုင်းထားရေး
ဆီမီးခွက်လေး ထွန်းလင်းပေးလျှက်
လောင်စာကိုယ်တိုင် ပြုရက်နိုင်ကာ
အပြစ်ကိုဖော့ ခပ်ပေါ့ပေါ့နှင့်
ဒီမိဿလေး လမ်းမှားဝေးခဲ့
ယနေ့မှစ ဤကမ္ဘာတွင်
ဖေဖေညွှန်ကြား အလင်းတရား
ထင်ရှားမှတ်ယူ ဥာဏ်ဖေးကူသော်
ဆင်းရဲချမ်းသာ ပညတ်သာလျှင်
ကြာလေတိုင်းဖေး တောမြွေပွေး၏
အာစေးပြောင်ပြောင် ပုံနှိုင်းဆောင်သို့
အကြောက်၊လောဘ ထောင်ချောက်ချလျှက်
ဆင်ခြင်ခေါင်းပါး တိုးဝင်မှားလည်း
အပြုံးမပျက် ထိန်းချုပ်လျှက်နှင့်
ရှောင်ရှားရုန်းထွက် အဆုံးသတ်ဖို့
တံလျှပ်နှင့်ရေ သဲကွဲစေသည့်
လက်ဦးဆရာ မည်ထိုက်စွာသော
ဖေဖေသာလျှင် မိဿတွက်အား
က၀ိတစ်ပါး စွမ်းပကားနှင့်
ရည်ထားမှတ်ယူ ပါရဂူသာ
ရှေ့ဆောင်လမ်းပြ ခွန်အားရသည်
ဖေဖေ ၀မ်းမြောက်ပါလေတော့ …..

In: ကဗျာ Posted By: Date: Aug 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment