Professional Authors

ကျွန်တော်နဲ့  တောခြောက်ခံခဲ့ရသောကဗျာများ (မိုးထက်အောင်)

ကျွန်တော်နဲ့  တောခြောက်ခံခဲ့ရသောကဗျာများ

တစ်ခါလာရင်ဘတ် တစ်ခါလာရင်ဘတ်နဲ့ 
အပ်ကြောင်းထပ် ပြဇာတ်တစ်ပုဒ်လိုပဲ
(သိပ်…..စိတ်မရှည်ချင်တော့ဘူး)

ဘောင်ခတ်မထားတဲ့ အိပ်မက်တွေ
ကောင်းကင်အနှံ့  ကြဲဖြန့် ပစ်လိုက်ပြီ
မက်မောသူ ကောက်ယူနိုင်ပါစေ

အသစ်အဆန်းတွေနဲ့  အလင်္ကာတွေဆန်းသစ်ဖို့ 
လမ်းဖြစ်တဲ့အထိဖောက်ကြည့်မယ်
ကန့် လန့် ကောင်…….မှောင်နေတယ်လို့ ပဲပြောကြပါတော့

ဒဿမနောက်က သုည…………
နောက်ထပ်ဘယ်သုညကိုမှ မတောင့်တတော့ဘူး
တိမ်စိုင်တွေပြောင်းလဲမှုအောက်မှာ
ကဗျာတွေ တောခြောက်ခံခဲ့ရတာ မှတ်မိသေးတယ်

တစ်ခါလာရင်ဘတ် တစ်ခါလာရင်ဘတ်နဲ့ 
ဘောင်ခတ်မထားတဲ့ အိပ်မက်တွေ
အသစ်အဆန်းတွေနဲ့  အလင်္ကာတွေဆန်းသစ်ဖို့ 
ကျွန်တော့်ကဗျာတွေ တောခြောက်ခံခဲ့ရတာတော့ မှတ်မိသေးတယ်…..။                    ။

                                                                                         မိုးထက်အောင်

In: ကဗျာ Posted By: Date: Nov 19, 2013
Comment #1

ကဗျာလေးလာဖတ်သွားပါတယ်
လက်ရာတွေကတော့ ကောင်းမြဲကောင်းဆဲ ….

commentinfo By: Kk at Nov 19, 2013
Comment #2

ဒဿမနောက်က သုည…………
နောက်ထပ်ဘယ်သုညကိုမှ မတောင့်တတော့ဘူး
………………………………………………………………
ကောင်းမြဲ…ကောင်းဆဲပါပဲ……အားပေးနေပါသည်။
ကိုမိုးထက်အောင် ပျောက်ချက်သားလည်းတော်တော်ကောင်းလှပါသည်။

commentinfo By: နွေ at Nov 19, 2013
Comment #3

မတွေ့ရတာကြာပေါ့ ကိုမိုးထက်အောင်
အရင်လိုပဲ အားပေးဆဲပါနော်

commentinfo By: ကြက်ခြေခတ် X at Nov 20, 2013
Comment #4

so so good. long time no see.

commentinfo By: moezat at Dec 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment