Professional Authors

မျှော်လင့်နေသော မေတ္တာရေ

မွေးဖွားသန့်စင်
ငိုကြွေး ဟစ်ပြီး
လူရယ် ဖြစ်ခဲ့
သို့ ပေမယ့်လည်း
သူများတန်းတူ
ချော့ တစ်လူလဲ
မြူလှည့်တစ်ခါ
ထွေးပွေး သိပ်မယ့်
နှောင်ကြိုး မေတ္တာ
ငတ်ခဲ့ တယ် အမေ..။
ချိန်ကာလ များ
ရွှေ့ လျား ပြောင်း လာ
မတ်တတ်ကယ် ထူ
ရပ်နိုင်ပေ့လို့
အော် ကာ အားပေး
မေတ္တာအေးအား
မခံစားရ
ကိုယ့်အားကိုယ့်ကိုး
ထူခဲ့ရတယ် အမေ…။
ရှာဖွေ ကျွေးမွေး
မေတ္တာ ပေးကာ
ချီကာပိုက်လို့
မားမားမတ်မတ်
ရှေ့ တွင် ရပ်ပြီး

သွန်တခါ ခြောက်တစ်လှည့်မပေးနိုင်လဲ

သူများကြားထဲ 

နိုင်ထက်မင်း လူ
ပြု သည့် အောက်တွင်
ပြားပြားဝပ်ဝပ်
ရောက်ခဲ့ ရတယ် အဖေရယ်..။
တဖန် ရွယ်တူ
ရောင်းရင်းငယ်များ
ကျောင်းသွားကျောင်းလာ
ငေးရင်း အားကျ
စိတ်ကူးယဉ်ရင်း
အဖေ့ပုခုံး
မည်သို့ရှိမည်
သင်းတို့အား ကြွားလို့
ကြီးခဲ့ရတယ်  အဖေရယ်…..။
အဖေ နဲ့ အမေ သားလေ
မေတ္တာငတ် လည်း
သစ္စာမပြတ်ခဲ့ပါ အဖေနဲ့ အမေ
ဘယ်လို့ပဲ ဖြစ်ဖြစ်
ဖေဖေ ရော မေမေပါ
လူပြည် မှာ ရှိသေးတယ်
ဆိုတာ သားသိပါတယ် ဖေဖေနဲ့ မေမေ
သား ကို လိုချင်သည် ဖြစ်စေ

မလို ချင် သည်ဖြစ်စေ သားလေ

မိဘ နှစ်ဦး ကမေတ္တာ အပြည့် နဲ့

သားလို့ခေါ်တဲ့
အသံ ကို သား မျှော်လင့် နေမှာပါ
တစ်နေ့ နေ့ တစ်ချိန်ချိန် ကို
မျှော် လင့် ရင်း
ဖေဖေ နဲ့ မေမေ ဆီ က
စီးဆင်းလာမဲ့ မေတ္တာရည်ကို
သားငတ်မွတ်စွာ နဲ့
စောင့်မျှော်လျှက်ပါ

ဖေဖေ နဲ့ မေမေ ရယ်…….။
ကြားနိုင်ပါစေလို့………ရှိသေစွာဖြင့်………….။

 

In: ကဗျာ Posted By: Date: Dec 31, 2010
Comment #1

great.

commentinfo By: ei lay at Aug 9, 2011
Comment #2

poor u

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment