Professional Authors

အချစ်ဟူသည်

မြို့ ပြသည် တစ်ခါတရံလှပသော်လည်း

တောရွာလောက် မတိတ်ဆိတ်……..
ရေတံခွန်မှရေကျသံသည် ဆူညံသော်လည်း
မြို့ ပြများထက်လှပ၏……..
လူတစ်ယောက်ကိုမုန်းရခြင်းသည်
တစ်ခါတရံ ကောင်းမွန်သော်လည်း
လူတစ်ယောက်ကိုချစ်ရခြင်းလောက် မပျော်ရွှင်……
အထီးကျန်ခြင်းသည် စိတ်ညစ်ရသော်လည်း
မုန်းတီးရခြင်းထက်ကောင်းမွန်၏……..
ချမ်းသာကြွယ်ဝခြင်းသည်
တစ်ခါတရံ အရာရာကိုပြည့်စုံစေနိုင်သော်လည်း
ကျန်းမာခြင်းလောက် အရေးမကြီး……..
အချစ်သည် ဘဝအောင်မြင်မှုအတွက် အဓိကမကျသော်လည်း
ချမ်းသာကြွယ်ဝခြင်းထက် ပြည့်စုံ၏………
In: ကဗျာ Posted By: Date: Jan 1, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment