Professional Authors

နည်းပညာအောက်က အကျိုးအပဲ့ – နရီထက်

ခွန်အားအပြည့်နှင့် တက်သစ်စနံနက်ခင်း
အပြေးအလွှားနဲ့ ကွန်ပြူတာခန်းထဲ
ရောက်ရှိလို့နေပြီး
နေ့သစ်တစ်နေ့ရဲ့  အလုပ်စရက်ပေါ့
ကွန်ပြူတာ ဖွင့်လိုက်မယ်ကြံကာပင်
ဝင်းဒိုးက ကျနေပြီးရဲ့ရဲ့
မောက်စ်က တယိုင်းတတိုင်းနဲ့
ကီးဘုတ်က တစ်ချက်တစ်ချက်ကြောင်နေတာလား
သုံးစားမရ ငါ့စက်တွေ
လက်ပန်းကျကာ စိတ်မောရတယ်
မြင့်မားတဲ့ နည်းပညာတွေကြား
စက်ချို့ယွင်းမှုတွေရယ်
နောက်နေတာလား လှည့်စားကာ
မှော်ဝတ်ရုံနှင့် လူတွေကို အရူးလုပ်နေတယ်
ရိုက်ကွဲပစ်ချချင် သည်စက်တွေကို
မလွယ်သေးပါဘူး ရှေ့ဆက်ကာလေ
လေ့လာရအုန်းမယ် ငါ့ဘ၀အတွက်
နည်းပညာတွေရယ် မြင့်နေလေအုန်း
ငါ့နောက်က လိုက်ခဲ့မယ်
နောက်ကျကျန်ရစ်ကြီး မဖြစ်ချင်သေးဘူး
ဟိုးထား – ကွန်ပြူတာနည်းပညာတွေရေ. . .။  ။

နရီထက်
( ၁၆ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment