Professional Authors

“လွတ်မြောက်ခြင်း”

“လွတ်မြောက်ခြင်း”
= = = = = = = =
ဒီကနေ့
၂၀၁၃ နှစ်ဟောင်းကိုစွန့်ပြီး
နှစ်သစ်ကို ဖွင့်တဲ့နေ့။

ဒီကနေ့
အမျိုးသားရေး လှုပ်ရှားသူတစ်ယောက်
အကျဉ်းထောင်ထဲက
လွတ်မြောက်ခွင့်ရတဲ့နေ့။

ဒီကနေ့
လွတ်မြောက်ခြင်း ၊ လွတ်လပ်ခြင်း
ဆိုတာကို မေးခွန်းထုတ်မိတဲ့နေ့။

လှောင်ချိုင့်ထဲက
ငှက်ကလေးတစ်ကောင်
လှောင်ချိုင့်တံခါး ဖွင့်လိုက်ချိန်မှာ
အဆုံးမရှိကျယ်ပြောတဲ့
ကောင်းကင်ပြင်ကြီးထဲ
အဆုံးမဲ့ လွတ်လပ်မှုမျိုးနဲ့
လွတ်လပ်စွာ ပျံသန်းခွင့်ရတယ်။

လူတစ်ယောက်
အကျဉ်းထောင်ထဲက
လွတ်မြောက်ခွင့် ရတဲ့အခါမှာ
လူ့လောကရဲ့ ကောင်းကျိုးတွေကို
အဆုံးမဲ့ သယ်ပိုးခွင့်ရမယ်။

ထိုသူသည်
လူ့လောက လူ့ပတ်ဝန်းကျင်
ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို
ချစ်မြတ်နိုးစိတ်ရှိသူ
ဖြစ်မှာပေါ့ ။ ။

နောင်တော်လေး (ဘိုကလေး)
(31 – 12 – 2013)
(လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ အမျိုးသားရေး လှုပ်ရှားသူ ကိုရဲမင်းဦးအား ဂုဏ်ပြုသောအားဖြင့်)

In: ကဗျာ Posted By: Date: Jan 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment