Professional Authors

သူငယ်ချင်းပုံပြင်

ခက်နက်နက်ညတွေမှာ အတူမက်ခဲ့တဲ့အိပ်မက်တွေ
ဘယ်ရောက်ကုန်လဲလို့ တခါတခါငါတွေးမိတယ်
ရံဖန်ရံခါကျတော့ လွယ်လွယ်နဲ့မေ့တတ်ချင်တယ်။
ထိရှနာကျင် ခံစားချက်တွေတောင်မှ
နင့်နေ့ရက်တွေထဲ့က တိမ်ဖြူတပွင့်
ဝေမျှတဲ့အခါ ပျောက်ရှရမယ်လို့
ယုံကြည်ခဲ့ဖူးတယ်။
(အခုတော့အကုန်အလကားပဲ)
မျှော်လင့်ချက်မှာသာ အိပ်ခန်းရှိရင်
ညတိုင်းတံခါးသွားခေါက်မယ်
ချိုမြိန်တယ့်လက်စားချေမှုတခုပေါ့ကွယ်။
သံယောဇဉ်ဆိုတာ ထုတ်ဖော်ပြောမှသိနိုင်မဲ့
အရာမျိုးဆိုရင်……………
သူ့ပွင့်လွှာသူဆွဲဖွင့်လို့ ပွင့်နိုင်တဲ့အချိန်အထိ
နှလုံးသားတခုလုံးနဲ့ တယုတရသိမ်းထားမယ်။
အချိန်အတိုင်းအတာတခုပေါ့
ငါတို့လို့ပြောလို့မရတော့တဲ့အချိန်တွေမှာပေါ့
လွန်လေပြီးသော အမှတ်တရများနဲ့
မရှင်သန်ဖြစ်ခဲ့ရင်
တနေ့နေ့မှာများ
ငါ့မှာသူငယ်ချင်းတယောက်ရှိခဲ့ဖူးတယ်လို့
ပြောမိနေမလားပဲ။

In: ကဗျာ Posted By: Date: Aug 13, 2010
Comment #1

မျော်လင့်ချက်မှာတံခါးရှိပါတယ် ။။။ သူကမလာတာပါ…….

commentinfo By: yuyu at Aug 30, 2010
Comment #2

thu ka lar dot le ma kyoe so bu lay,,yu yu

commentinfo By: ei lay at Feb 15, 2012
Comment #3

အရမ်းကြိုက်လို့ သူငယ်ချင်းကိုတောင် share ပေးလိုက်တယ်…..

commentinfo By: ရနံ့ at May 18, 2012
Comment #4

what is final result?
what is the goal?
what want to be?

commentinfo By: ei lay at May 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment