Professional Authors

ခေါင်းပုံဖြတ်တဲ့ ဒီလောက

ဘ၀ဆိုတာ ပြောတော့သာ လွယ်တာ
ရုန်းကန်ရတာ ပင်ပန်းသား
အတွေးက လက်တွေ့ကို ရင်ဆိုင်စေတယ်
သိက္ခာနဲ့ ချည်တုပ်ထားတဲ့ အတ္တ
စိတ်သွားတိုင်း ကိုယ်မပါချင်တော့ဘူး
မပြောချင်လို့ မပြောပဲနေတာ
မှန်နေတယ်လို့တော့ မထင်နဲ့
ကိုယ့်တစ်ယောက်ထဲ ဘ၀ဆိုတာ ရှိတာမဟုတ်
လူတိုင်းမှာ ဘ၀ရှိတယ်
ဟင်းရွက်ကန်စွန်းရွက် ၀ယ်သလို
တတ်တဲ့ပညာ ခေါင်းပုံဖြတ်ခံရတဲ့အခါ
မာနကို ရိုက်ချိုး စိတ်ဓာတ်ကို ယိုယွင်းစေခဲ့
ခေါင်းပုံဖြတ်တဲ့ ဒီလောကမှာ
ပညာကို အလှူအတန်းပေးရင်တောင်
နောင်ဘ၀အတွက်
ကုသိုလ်တရားတွေ ပါသွားနိုင်ပါရဲ့……

In: ကဗျာ Posted By: Date: Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment