Professional Authors

မြူနှင်းပုံပြင်

ကဗျာတွေ အိပ်မက်တွေ
မင်း နင်းခြေခဲ့တဲံ ငါ့ရဲ့ပျော်ရွှင်မှုတွေ၊
အရာရာတိုင်းကို ငါကျေနပ်နေပါ့မယ်။

ရုပ်ရှင်တွေ ပုံပြင်တွေနဲ့
ရယ်မောခဲ့ကြတဲ့ အချိန်တွေ၊
အားလုံးကို ငါမှတ်မိနေခဲ့တယ်။

မျက်ဝန်းတွေ အပြုံးတွေနဲ့
အရောင်ဆိုးထားတဲ့ တုံ့ပြန်မှုတွေ၊
ငါသိနေပေမဲ့ ခွင့်လွှတ်ပေးခဲ့ဘူးတယ်။

ခဏဆိုတဲ့အချိန်တွေဟာ
ငါ့အတွက်အမှတ်တရဆိုပေမဲ့၊
မင်းအတွက်တော့ အရမ်းကိုရိုးစင်းနေခဲ့တယ်။

အပြုံးတွေ မျက်ဝန်းတွေ
အမှတ်တရတွေနဲ့ ကျိန်စာသင့်နေတဲ့ခံစားချက်တွေ
အရာရာကိုငါ မေ့ဖို့ကြိုးစားအားထုတ်ရင်းနဲ့
မျက်ရည်တွေခမ်းခြောက်နေခဲ့ပြီလို့ငါပြောခဲ့ရင်
ဒါတွေဟာ လိမ်ညာမှုတစ်ခုလို့ ငါပြောမထွက်ခဲ့ဘူးလေ…..။       ။

In: ကဗျာ Posted By: Date: Oct 22, 2011
Comment #1

လုလင် အားပေးသွားပါတယ်

Comment #2

အားပေးသွားပါတယ်ဗျာ

commentinfo By: ကြယ်စစ်သည် at Oct 22, 2011
Comment #3

ဒါတွေဟာ လိမ်ညာမှုတစ်ခုလို့ ငါပြောမထွက်ခဲ့ဘူးလေ…..။ ။…။

commentinfo By: SoFarAwayFromU at Oct 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment