Professional Authors

ဒြပ်မဲ့ပန်းကလေး

ဒြပ်မဲ့ပန်းကလေး

 

နေမထိ လေမထိ

 

အလင်းရောင် ကင်းမဲ့တဲ့ည

 

မြေမရှိ ရေမရှိ

 

ချိနဲ့နဲ့ လက်ကျန်စွမ်းအားလေးနဲ့

 

နောက်ဆုံးနေ့

 

နောက်ဆုံးည

 

နောက်ဆုံး အချိန် ဖြစ်နေပါစေ

 

အေးမြတယ်ဆိုတဲ့ လေပြေညှင်းကို

 

မရှုရှိုက်ဘဲ

 

အသစ်တဖန် ပြန်မတ်မယ့်

 

ပန်းကလေး . . . . . ငါကို့

 

အဆင်းမလှလို့ ပစ်သွားလိုက်စမ်းဟာ

 

နင့်လက်ထဲက ဆေးရည်စိမ်ပန်းထက်တော့

 

သာကောင်းပါရဲ့ 

 

စိတ်ချ

 

လေပြေညှင်းတောင် မလိုလားမှ

 

မိုးကြိုးမုန်တိုင်းကို

 

မျှော်လောက်အောင် ငါမရူးဘူး။။။

 

ရွှေညီမလေး

 

 

 

 

In: ကဗျာ Posted By: Date: Aug 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment