Professional Authors

တစ်ဖတ်သက်အိပ်မက်

တစ်ဖက်သတ် အိပ်မက်

ဘယ်လိုမှားယွင်းမှုမျိုးကြောင့်
ဒီလို နာကျင်မှုတွေ
ငါ့ဆီ
ရောက်ရောက်လာတာလဲ

ဟန်ဆောင်ရလွန်းလို့လည်း
မျက်နှာပေါ်က
အရေးအကြောင်းတွေ
တိုက်မိကုန်ပြီ

ချစ်သူရယ်
သံယောဇဉ်တွေ အရွယ်လွန်ကာမှ
နှလုံးသားကို နင်းချေရက်တယ်
ဘယ်လို ခွန်အားမျိုးနဲ့ 
ဒီ မိုးရာသီကို ငါ ရင်ဆိုင်ရပါ့

အိပ်မက်တွေ မကောင်းရင်လည်း
ငါ့ကိုသာ အပြစ်တင်လိုက်ပါတော့
 စွဲလမ်းစိတ်ကို
မထိန်းချုပ်နိုင်တဲ့အတွက်
ငါ မင်းဆီက
ခွင့်လွှတ်ခြင်းကို မျှော်လင့်နေပါတယ် ….ချစ်သူ..။

                                                                                                 မိုးအိမ်

In: ကဗျာ Posted By: Date: Aug 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment