Professional Authors

သော့ခတ်ထားတဲ့လိုက်ကာ

အနာဂတ်တွေ ရောက်ရှိလာမယ်လို့

ထင်နေမိခဲ့တဲ့ နေ့ရက်တွေပေါ့
သူမအပိုင်စိုးခဲ့ပြီးလေ
လေးဖက်လေးတန် သံမှိုတွေရိုက်နေရဲ့
ငါမရုန်းခဲ့ပါဘူး
ချစ်ခြင်းဆိုတာကြီးက
ထီးထီးကြီးရပ်ပေးနေတယ်ထင်နေတာပေါ့
တချက်တည်းပိုင်းရင် ပြတ်တယ်တဲ့
မယုံကြည်မှုရပ်ဝန်းမှာ ဒူးထောက်မှုမပြုခဲ့ ..
အရှုံးတွေ မပြသည့်တိုင်အောင်
အနိုင်ယူခြင်းကို မဲ့ပြုံးလေးသဲ့သဲ့တော့
သူပြုံးသွားပေးရှာတယ်
လက်ခံပေးရမှာပေါ့
အမှန်တရားကလည်း မျက်မှန်တပ်တယ်
သစ္စာတရားကလည်း ဖိနပ်မရှိဘူး
မျော်လင့်ခြင်းကလည်း ခလောက်သံလိုပဲလေ
မင်းရဲ့ ယုံကြည်မှုဆိုတာကိုတော့ အ၀တ်အစားလေးဝတ်ပေးလိုက်ပါ
အောင်နိုင်သူနဲ့ ရှုံးနိမ့်သူကြားထဲမှာ
မေတ္တာတရားကို လွန်ဆွဲသူတွေအဖြစ်မင်းကသတ်မှတ်နေလေရဲ့
အတုဆိုတာ အချစ်လို့ သတ်မှတ်နေရင်တော့
အချစ်ကလည်းအတုပဲ ဖြစ်နေအုံးမှာပါ
လက်တဖက်ကို ဆုပ်ကိုင်မှတော့ ကျန်လက်တဖက်ဖြုတ်ပေးရမယ်လေ
အလှဓါတ်ပုံ မဖြစ်နိုင်တော့မှတော့ တံဆိပ်ရိုက်နေ့စွဲတွေကို
ဖျက်ဆီးကြရအောင်လေ
ငါငြိမိတဲ့ သံဆူးကြိုးလေးလို့ပဲ သဘောထားလိုက်ပါမယ်
ပု စ္ဆာတိုင်းခက်ခဲနေတဲ့ အတွက်
အမှောင်ဆိုတာ အလွယ်ကူဆုံးဖြစ်မှာပါ
ကြိုးခတ်သံတွေ ကြားမှာပဲ
နှုတ်ဆက်ခြင်းကို အတူတူ လက်မှတ်ထိုးကြရအောင်လေ
ပိုင်ဆိုင်ခြင်းတွေမှာ အတ္တတွေ မပြ နိုင်ပေမယ့်
နှုတ်ဆက်ခြင်းမှာ အဖြူရောင်တွေကို
မတရားဆွဲခေါ်ပြီး နှုတ်ဆက်ရပြီးပေါ့
သူမ အနားမှာ ကပ်နေတဲ့
ငါ့ဝိညာဉ်လေးပါ
ငါ ဆွဲခေါ်လိုက်လေပြီး
လေတွေ နဲ့ အတူ………..သူ လွင့်ပါစေတော့ 

In: ကဗျာ Posted By: Date: Apr 28, 2013
Comment #1

Nice choice of words.

commentinfo By: ei lay at Apr 28, 2013
Comment #2

အတုဆိုတာ အချစ်လို့ သတ်မှတ်နေရင်တော့
အချစ်ကလည်းအတုပဲ ဖြစ်နေအုံးမှာပါ

commentinfo By: မေပျို at Apr 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment