Professional Authors

တစ်ကိုယ်ရေသီချင်း

တစ်ကိုယ်ရေ သီချင်း

စွတ်စိုရုံ ကျဲပက်ထားတဲ့
မိုးရေစက် အမှုန်အမွှားလေးတွေနဲ့
ကိုယ် သီဆိုချင်တဲ့ တေးက
ကာရန်မပါခဲ့ဘူး

ကိုယ်စီ ကိုယ်စီ အတ္တလေးတွေ
တလက်လက်တောက်ပ ပြရင်း
အများသူငါ မျှော်လင့်ချက်က
ကိုယ့်ကို အလိုမရှိဘူး တဲ့

တိတ်ဆိတ်မှုတွေ မျိုးပွားရင်း
ကိုယ်  တစ်ယောက်တည်း
ဒိုရေမီဖာနဲ့  ချစ်တင်းနှောခဲ့တယ်။

                              

                       မိုးအိမ်

               *

In: ကဗျာ Posted By: Date: Aug 6, 2010
Comment #1

တိတ်ဆိတ်မှုတွေ မျိုးပွားရင်း
ကိုယ် တစ်ယောက်တည်း
ဒိုရေမီဖာနဲ့  ချစ်တင်းနှောခဲ့တယ်။

Leave Comments

Name*

Email*
Website
Email me whenever there is new comment