Professional Authors

ရာသီဥတု

ကံကြမ္မာက
နေသာချင်ယောင်ဆောင်ပြီး မိုးအုံ့တော့
အပြုံးကို အပြုံးနဲ့တူအောင်
အပြုံးနဲ့ တူတဲ့ အပြုံးတစ်ခုဖြစ်ဖို့
တော်တော် အားထုတ်နေရတယ်

စိတ်က နေရာကွက်ကြား သာယာနေလို့
တိတ်ဆိတ်မှုကို အဖေါ်ပြုပြန်တော့
တိတ်ဆိတ်မှုက ငါ့ကို ပြန်ညှဉ်းဆဲတယ်

ဒီနေ့ မိုးလေ၀သ ခန့်မှန်းချက်မှာ
အဆင်မပြေမှုတွေ နေရာအနံ့ ရွာသွန်းပါမည်
ရွာရန် ရာနှုန်း (ပြည့်) ဖြစ်ပါသည်

In: ကဗျာ Posted By: Date: May 3, 2013
Comment #1

Not good weather .. But stand for life

commentinfo By: မေပျို at May 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment