Professional Authors

ချစ်သူ

မခေါ်ခင်ကပင်လှည့်ထွက်သူ
မချစ်ခင်ကပင်ရှောင်ထွက်သူ
စိမ်းကားတဲ့ နင့်အကြည့်ကြောင့်
ငါ့နှလုံးသားမှာ
ဒဏ်ရာတွေအထပ်ထပ် ကျန်ရစ်နေပြီ
ချိုသားတဲ့အပြုံးကြောင့်
ငါ့အိပ်မက်တွေကမောက်ကမ
ငါ့ညတွေတောင်
မှောင်မည်းသွားတယ်
မနက်ခင်းအလင်းရောင် ပျောက်ရှနေပြီ
ဘယ်သူ့မှမသိတဲ့အချစ်
ဘယ်သူ့မှမမြင်လိုက်တဲ့
ဒီရင်ထဲမှာပဲ
သေဆုံးဖို့ခွင့်ပြုထားတယ်
လောက်ကထဲမှာ
မသေချာတာတွေများလာတော့
ဆုံးဖြတ်ချက်မှားမှာ
ကြောက်နေမိတယ်
အို..ချစ်ခြင်းတရား
အိပမက်ပမာ
ငါ့စိတ်ဝိဥာဏ်အား
နိုးထခွင့်ပြုပါ
ငါ့ညတွေရှည်မှာကြောက်တယ်

In: ကဗျာ Posted By: Date: Jun 9, 2010
Comment #1

အိပ်မက်နဲ့ လက်တွေ့ တစ်ထပ်တည်းကျပါစေဗျာ
လှပတဲ့အချစ်အိမ်ကလေးကိုလည်း စိတ်တိုင်းကျ ကိုယ်တိုင်တည်ဆောက်နိုင်ပါစေ

commentinfo By: nayminarkar at Jun 10, 2010
Comment #2

ညတွေ မှောင်မည်းတာတော့ သေချာတယ်
ငါတို့ ကန်သာ က မီးမှ မမှန်တာကို

commentinfo By: Yan Thu at Jun 29, 2010
Comment #3

အရမ်းကြိုက်တယ် ဒီကဗျာလေးကို

commentinfo By: Lavender at Jul 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment