Professional Authors

အသံတိတ် အမေး

ငါ့မနက်ခင်းတွေတိုင်း နင့် အမုန်းတွေနဲ့ မျက်နှာသစ်နေရပေမယ့်
နင့်အပြုံးတွေ ဝေဆာစ ပြုနေပြီမို့
ငါ ပျော်နေရပါတယ်။

တနေ့ တနေ့ နင့်သတင်းတွေ နားစွင့်
ဒါပေမယ့် ငါ ကြွားကြွားဝင့်ဝင့် လှုပ်ရှားပါတယ်
မှိုင်ငေးနေခြင်းတွေမရှိမှလည်း
ငါ မခံစားရဟန် အသွင်တူမယ်
နင့်စိတ်နာခြင်းတွေလည်း ထပ်ခါတလဲလဲ ပီပြင်လာမှာပေါ့ ။

ဘာလွမ်းစရာများရှိလို့လဲ
မက်မောစရာက ငါ့ဆီမှာ နတ္ထိလေ
နင်နဲ့အတူတူ ငိုကြွေးပေးဖို့သာ ငါက အသုံးဝင်ခဲ့တာပါ
နင့် စိတ်မကောင်းခြင်းတွေ ခြွေချဖို့ ငါက လူဖြစ်လာတာပါ
ငါ့ကြောင့် နင်
ဘယ်နှခါများ ပြည်ပြည့်စုံစုံ ကြည်နှုးခဲ့ရဖူးလို့လဲ?

နင် မှတ်ထားဖူးတဲ့ ငါ့ကြောင့် ရယ်သံတွေ
လက်ချိုးပြီးလည်း ရေတွက်မပြနဲ့
ဒါတွေက တကယ်ရင်ဆိုင်ရမယ့် အခြေအနေမှာ ဘာတခုမှ ခွန်အားအဖြစ် ပေးစွမ်းလာမှာမဟုတ်ဘူး။

ဘ၀က ကဗျာမဆန်ခဲ့တော့
နင့်ရဲ့ စင်ဒရဲလားလည်း မဖြစ်လိုဘူးလေ
ရွှေမင်းသားတစ်ပါးနဲ့ ကံဆိုးမ ဘယ်လိုလိုက်ဖက်မှု ရှိပါ့မလဲ
ငါ့စွန့်လွှတ်မှုကို နင်က စွန့်ခွာခြင်း စွန့်ပစ်ခြင်းလို့ ထင်မှတ်နေခဲ့ရင်
……
……
…..

ငါမေးပါရစေ ချစ်၇ယ်
ရွှေမင်းသားတစ်ပါးနဲ့ ကံဆိုးမ ဘယ်လို လိုက်ဖက်မှု ရှိပါ့မလဲ?????။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Jul 8, 2013
Comment #1

ဘာလွမ်းစရာများရှိလို့လဲ
မက်မောစရာက ငါ့ဆီမှာ နတ္ထိလေ
…………………………………
ကောင်းလိုက်တဲ့ ခံစားချက်တွေပဲ
အားပေးသွားပါသည်။

commentinfo By: နွေ at Jul 8, 2013
Comment #2

သိပ်လှတဲ့စာသားတွေဗျာ ~

With respect,
RAY

commentinfo By: X - ray at Jul 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment