ရည်းစားတစ်ယာက်ရှိဘူးတယ်
သံသယတွေမကျန်အောင်လို.
ငါ့အတိတ်ကို အကုန်ဖွင့်ပြခဲ့တာ
ရလာဒ်က ပြောင်းပြန်ဖြစ်သွားတယ်။
ခိုးပြီးငိုတဲ့သူကို
ငါကဘယ်လို ဗြောင်ချော့ရမှာလဲ
ငါလည်း ဘယ်လိုဖြေသိမ့်ရမှန်း မသိတော့ပါဘူးကွယ်။
သတိမရတော့ဘူးလို. ငါမငြင်းပါဘူး
ဒါအတွက်လည်း မင်းကိုမနာကျင်စေချင်တော့ပါဘူးလေ။
သားကောင်က
မုဆိုးကို သတိရတာမဟုတ်ပါဘူး
နာကျင်မှုကို မမေ့နိုင်တာပါ။
တွန်.ဆုတ်ငါးက
အစာကိုမတပ်မက်တာမဟုတ်ပါဘူး
ငါးမျှားချိတ်မှာ မိဘူးလို.ပါ။
မင်းဆီကို ၀ံ့ကြွားတဲ့ခြေလှမ်းနဲ.
လာခဲ့သူမှ မဟုတ်တာပဲ
ဖုန်တွေ သဲတွေ သွေးတွေနဲ.
တောင်ပံတွေဒရွတ်ဆွဲဝင်လာခဲ့တာပဲ
သေချာပြုစု စောင့်ရှောက်ပြီးမှ
ဒဏ်ရာရခဲ့ရကောင်းလားလို.
ဒေါမနဿဖြစ်နေရင်
ငါဘယ်လိုနေတတ်မှာလဲ။
ပါးပြင်ပေါ်က အမာရွတ်လေးကို
ခဏခဏပွတ်သပ်နေသူ
အမာရွတ်ပေးခဲ့သူကို လွမ်းလို.လား
ချောမွေ.မှုကို ပြန်လိုချင်တာလား
အဖြေက ရှင်းရှင်းလေးပါကွယ်။
သူ.ကိုတစ်ခါ သတိရတိုင်း
စိတ်ထဲက မင်းကို ငါးခါတောင်းပန်ခဲ့ပါတယ်
ဒါလည်း မင်းကို သတိရခြင်းတမျိုးမဟုတ်ဘူးလား။
မင်းအတွက်နဲ.
ငါတန်ဖိုးအထားဆုံးတစ်ခုကိုတောင်
မေ့ပစ်နိုင်ဖို. ကြိုးစားနေပါတယ်လို.ပြောရင်
မင်းပိုငိုရမှာပါ။
မင်းအတွက်နဲ.
ငါ့မှာနောက်ဆုံးကျန်တဲ့ သတိရခြင်းကိုတောင်
ငါမုန်းမိနေပြီလို. ပြောရင်
မင်းပိုကြေကွဲမှာပါ။
တစ်ခုတည်းသော ငါပြောနိုင်တာက
အသစ်ဖြစ်သောတစ်ခုကို နေရာအားလုံးပေးဖို.
အဟောင်းကို အမြစ်ပါမကျန် ရှင်းနိုင်အောင်
ငါအားထုတ်နေတယ် ဆိုတာပါပဲ။
အဖြစ်အပျက်တွေရဲ.အဆုံး
သစ္စာတရားကို မေးခွန်းထုတ်ကြည့်
မြူတစ်စိတ်စာတောင် မလျော.ခဲ့ဘူး
အပ်တစ်ထောက်စာတောင် မပွန်းခဲ့ဘူး
ကျီးပေါင်းတက်သစ်ပင်မှာလည်း
အသန်.စင်ဆုံး ပန်းတစ်ပွင့် သိမ်းဝှက်ထားနိုင်တာ
နည်းနည်းလေး ယုံပေးပါ။
နင်လည်း ခိုးမငိုပါနဲ.တော.
ငါလည်း ခိုးသတိမရတော့ပါဘူး
နောက်ဆုံးအကြိမ် အားရအောင်ငိုပစ်လိုက်
ပြီး
ငါ့ရင်ခွင်မှာ ပါးအပ် သက်ပြင်းလေးချ
အသစ်သောဘ၀ကို “စ” ရအောင်။ ။
Comment #5
ဖတ်လို့ကောင်းတာထက်.. ခံစားလို့ပိုကောင်းတယ်..
အရမ်း မိုက်တယ်…ယူသွားသေးတယ်..
By: htoozawwin at Aug 3, 2010
Comment #7
ကောင်းပြန်တာပဲ ..နှစ်သက်အောင် ပြုစားနိုင်တဲ့ အတတ်ကို မှော် လို့ ခေါ်တယ် မလား…မော်နီေ၇..ကဗျာမှော်အောင်နေသလားလို့ သာမေးလိုက်ချင်တယ်
By: Cho at Aug 11, 2010
Comment #8
အရမ်းတိုက်ဆိုင်နေတယ်မော်နီ
By: ကြယ်စင် at Aug 11, 2010
Comment #9
တစ်ခုတည်းသော ငါပြောနိုင်တာက
အသစ်ဖြစ်သောတစ်ခုကို နေရာအားလုံးပေးဖို.
အဟောင်းကို အမြစ်ပါမကျန် ရှင်းနိုင်အောင်
ငါအားထုတ်နေတယ် ဆိုတာပါပဲ။……….
By: မှုံရွှေရည် at Aug 12, 2010
Comment #10
ကဗျာက ကျနော်နဲ့ လာတိုက်ဆိုင်နေတယ်
တိုက်ဆိုင်တော့ ပိုပြီးခံစားမိသွားတယ်
By: ညအလင်္ကာ at Aug 12, 2010
Comment #11
I like this
By: Zar Ni at Aug 20, 2010
Comment #14
ကဗျာလေးကအရမ်းကောင်းပါတယ်
မသူရဲ့စိတ်ကူးတစ်ခုနဲ့လည်း တိုက်ဆိုင်နေတယ်
By: mathu at Aug 31, 2010
Comment #16
စိတ်ထဲမှာတစ်မျိုးကြီးဖြစ်သွားတယ် ကိုယ်ကိုတိုင်ဖြစ်နေရသလိုပဲ ဘယ်လိုကြီးလဲမသိဘူး အရမ်းကိုကြိုက်ပါတယ်
By: sumon ko at Feb 27, 2011
Comment #17
စိတ်ထဲမှာတစ်မျိုးကြီးဖြစ်သွားတယ် ကိုယ်ကိုတိုင်ဖြစ်နေရသလိုပဲ ဘယ်လိုကြီးလဲမသိဘူး ကောင်မလေးနေရာကနေခံစားရပါတယ် အရမ်းကြိုက်တယ်
By: sumon ko at Feb 27, 2011
Comment #19
daw daw myat hnar myar de,,
yet set de,,
loak yet de,,
By: ei lay at Mar 18, 2012
Comment #20
nout 1 khar phat mi twar de,
nout 1 khar khan sar twar mi twar de,
nout 1 khar myat yae we mi twar de,
a yae a tar ka special mike de.
By: ei lay at May 11, 2012




Comment #1
သက်ပြင်းချမိတယ်….။။။