Professional Authors

မြခွါညို (အာကာသန်း)

ပြာသိုဆန်းစ ချမ်းမြရာသီ။
ခွါညိုပန်းက လျှမ်းပရှာပြီ။
စာဆိုခန်းဝ စန်းလသာကြည်။
ဘာကိုမှန်း လွမ်းရပါချိမ့်မည်။
(ဂန္ထလောက၊ အတွဲ ၂၁၊ အမှတ် ၁၃၂)

ဆရာမင်းသုဝဏ် ငယ်စဉ်က တကျောင်းတည်းနေ အာကာသန်းဆီက ပါဠိနဲ့ ကဗျာရေးနည်းတို့ကို သင်ယူခဲ့ပါတယ်။ ပထမကြီး အောင်ပြီးဖြစ်တဲ့ အာကာသန်းဟာ မင်းသုဝဏ်ထက် ၆ နှစ်လောက်ပိုကြီးတယ်။ အာကာသန်းရဲ့ ‘မြခွါညို’ဟာ အခု ပြာသိုထဲ အဝင်နဲ့ သင့်တော်မယ်ထင်ပါတယ်။

In: ကဗျာ Posted By: Date: Dec 27, 2011
Comment #1

မလွမ်းတတ်တဲ့ သူ ပါ
ဒီကဗျာလေးဖတ်မိမှ ချမ်းချမ်းအေးအေး အခန်းလေးရဲ့ အ၀မှာရပ်..
သာနေတဲ့ လကိုကြည့် လို့ စိတ်လေးက ကြည်
လွမ်းသလိုလိုဖြစ်လာပေမယ့် 
ဘယ်ဆီလွမ်းမိ တတ်မသိ ဖြစ်နေတဲ့ သူတယောက်ရဲ့ ပုံရိပ်ကိုမြင်ပီး
လွမ်းလာသလိုလို

commentinfo By: Nothing Special at Dec 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment