Professional Authors

အထုပ်ပြင်ထားဖို့  မင်းလူန

ဘ၀ဆိုတာ
အငင်အသက်အပင့် အချ
ရှေ့ ထိုးနောက်ပစ်
အပေါ်တင်အောက်ဆွဲ
ဘာမှမပါပဲ
ခေါ်လို့ လွယ်သလောက်
ဖြတ်သန်းဖို့ ခက်တယ်
ပြီးတော့ လဲ
ရိုးရိုးလေးတွေးလိုက်တော့ 
ရှင်းရှင်းလေးပါပဲ
ဘာမှမပါတဲ့ ဘ၀မှာ
ဖြစ်တည်ပြီးရင်
ဘာမှမပါပြန်မထွက်သွားမိအောင်တော့ 
ပုံမှန်လေး
အသက်ရူတက်ဖို့ တော့ လိုမယ်ပေါ့ 
ဘ၀မှာ
ဖောက်ပြန်ခြင်းသဘောတရားတွေနဲ့ 
ရောပြွန်နေတက်တော့ 
အဓိကနဲ့ သာမညကိုတွေးဖို့ 
အချိန်နဲနဲလေးပေးလိုက်မှ
ပညက်နဲ့ ပရမက်ဆိုတာလဲသိသလိုလိုနဲ့ 
ဖြတ်သန်းလာခဲ့ ဖူးပြီ
ခုထိငါဘာမှမပိုင်ဆိုင်သေးပါလားလို့ တွေးတော့ 
ငါ့ အတ္တကိုငါ
လမ်းခင်ပြီးပျော်ပျော်လျှောက်နေသေးကြောင်း
ရေးရေးလေးပေါ်လာတက်ပြန်ရော
ဒါပဲလေ
ကိလေသာတဏှာတွေနဲ့ 
ရှုပါယှက်ခက်နေတဲ့ 
ဒီခန္ဒာကိုယ်အပူမီးတွေနဲ့ 
တမြှေ့မြှေ့ လောင်ကျွမ်းဆဲကိုမှ
ငါခန္ဒာကိုတည်မြဲဖို့ ထက်
ဘာပိုသေချာမလဲလို့ 
သိပ်ပံနည်းကျရော
တရားသဘောအရရောတွေးဖို့ 
အသက်နဲ နဲရူပြီး
နဲနဲပြန်ထုတ်လိုက်ချိန့် 
ဝင်သက်ထွက်သက်တွေ
ငါဖမ်းဆုပ်လို့ မရအောင်
ခဏကလေးဖြတ်ဖြတ်ပြေးနေဆဲပဲကိုး

                                  မင်းလူန

In: ကဗျာ Posted By: Date: Jul 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment