Professional Authors

ရှုံးပါစေတော့

ညတညကို
အတ္တတွေ နဲ့ အလှခြယ်တဲ့အခါ
ငါ မှားသလား ?

တကြိမ်တခါ ဗျာများခဲ့တဲ့
ငါ့နှလုံးသား
နင့်လက်ချောင်းလေးတွေကြားက
ကစားစရာ ဖြစ်ခဲ့ရတာပါ

ရင်ထဲက မာနမီး
မင်းအကြည့်တစ်ချက်နဲ့
ငြိမ်းသပ်ပီးခဲ့ပါပြီ

စိတ်ကူးထဲမှာရေးခြယ်ခဲ့တဲ့
ပန်းချီကားလဲ
အလွမ်းသစ်ပင် တစ်ပင်တည်းပဲ .. ။
အရွက်လေးတွေ တော့ နေ့တိုင်းကြွေပါတယ်

နေ့တစ်နေ့ကို နင့်ကိုလွမ်းစိတ်နဲ့
အစပြုတယ်
ညတစ်ညတစ်ကို နင့်ကိုသတိရ
စိတ်တွေ နဲ့ အဆုံးသတ်တယ်
အိပ်မက်ကလေးတွေလည်း
နွမ်းလို့လာခဲ့ပါပြီကွယ် … ။

စွမ်းပါတယ် နင့်အပြုံးတွေက
ငါ့နှလုံးသား ကျွမ်းသွားခဲ့တာပဲ
နင်ဘယ်လိုပြုံးပြုံး ငါကရှုံးနေတာမဟုတ်လား

တကယ်တော့
ငါ့အပြုံးတွေက အရှုံးပန်းကုံးလေးတွေပါ
နင့်လက်ကလေးတွေ နဲ့ သီဖို့
ငါအရင် ကြွေဆင်းခဲ့ရတာပဲ မဟုတ်လား .. ။

ဘာပဲ ဖြစ်ဖြစ်
နင့်အပြုံးလေးတွေ ကို
ငါ့လက်နဲ့ ဖန်ဆင်းခွင့်ရနေသရွေ့ ငါပျော်တယ် ။

ငါ့အရှုံးတွေကို နင်လှည့်မကြည့်ပါနဲ့တော့ ချစ်သူရယ် ။

လွမ်းလှိုင်း

14.8.09 ( 12း 47 ) am
Friday

In: ကဗျာ Posted By: Date: Jun 13, 2010
Comment #1

စကားလုံး သုံးပုံနဲ့ဖွဲ့တာလေးတွေ အရမ်းလှတယ်

commentinfo By: thukhacho at Jun 16, 2010
Comment #2

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခုလို ကဗျာလေးကို ဝေဖန်ပေးတာ

commentinfo By: lwanhlainge at Jun 16, 2010
Comment #3

ကောင်မလေးအတွက်…….ကောင်ကလေး…….
ပညာတောင်တန်း
မင်းလျှောက်လှမ်းစဉ်
ချစ်ပန်းပင်အောက်
ပန်းဝင်မကောင်နှင့်
ချစ်ကိုင်းပိလို့…………………♥♥♥♥♥♥♥♥♥♥♥♥♥♥♥

commentinfo By: soehtetaung2010 at Jun 17, 2010
Comment #4

လွမ်းရေ … အချစ်ကြီးသူက ရှုံးတာပဲ ရှေးလူတွေဆုံးမကြတယ် … ဘယ်တတ်နိုင်မလဲ ပေါ့နော်…………….

commentinfo By: သူသူ at Jul 19, 2010
Comment #5

အမှန်ပါပဲ အချစ်ကြီးရင် ရှုံးပါတယ်

commentinfo By: lwanhlainge at Jul 29, 2010
Comment #6

အရမ်းကောင်းတဲစာသားလေးပါပဲ

commentinfo By: ၀င်းသိန်း at Aug 21, 2010
Comment #7

ဟုတ်ကဲ့ ကျေးဇူးပါ ကိုဝင်းသိန်း

commentinfo By: lwanhlainge at Aug 28, 2010
Comment #8

ဘာလို့ရေးလိုက်တဲ့ ကဗျာတိုင်းအရမ်းကောင်းနေတာလဲ ဟင်…..
အားပေးသွားတယ်နော်

commentinfo By:ူlaypyae at Feb 19, 2011
Comment #9

စွမ်းပါတယ် နင့်အပြုံးတွေက
ငါ့နှလုံးသား ကျွမ်းသွားခဲ့တာပဲ
နင်ဘယ်လိုပြုံးပြုံး ငါကရှုံးနေတာမဟုတ်လား

commentinfo By: ခင်ဘုန်းနေ at Mar 11, 2011
Comment #10

သူငယ်ချင်း laypyae and ခင်ဘုန်းနေ အားပေးတဲ့ အတွက် ကျေးဇူး အထူးပါ

commentinfo By: lwanhlainge at Jun 27, 2011
Comment #11

Really nice

commentinfo By: ei lay at Dec 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment