Professional Authors

ကြိတ်ပိုးလေးမို့ …

တိတ်တခိုး .. ကြိတ်ပိုးလေးမို့
ရင်ထဲ အပြစ်မတင် အချစ်တွေပိုလို့
အပြစ်တွေတော့ မဆိုလိုက်နဲ့
မသက်ဆိုင်သေးတဲ့ (သက်ဆိုင်သူ) ရယ် …

ကြိတ်ပိုးအချစ် တဖက်သတ်တွေနဲ့
ပိုင်သူမရှိ .. ဆိုင်သူမသိလည်း
ဒီကကောင်က ကြိတ်ပိုးလေးမို့
ဆိုင်သူ မသိလည်း ချစ်နေမှာပဲ …။

ဆိုင်သူ မသိတဲ့
ကြိတ်ပိုးအချစ်မို့
ရှေးအတိတ်ကံ ရေစက်ဆုံလို့
ချစ်မိခဲ့တာ ..
ဒီလိုလေးပဲ ….
တဖက်သတ်အတွေး
ဖြေသိမ့်ရင်းနဲ့
ဒီလိုလေးပဲ …
ဆိုင်သူ အချစ် မပိုင်ပေမယ့်
ကြိတ်ပိုးအချစ်နဲ့ ထာဝရတိုင် …
ချစ်လို့နေမယ် ………. ။

(၁၁-၃-၂ဝ၁၂)

In: ကဗျာ Posted By: Date: Mar 12, 2012
Comment #1

ကြိုက်တယ်ဗျာ…

commentinfo By: kantkawmg at Mar 12, 2012
Comment #2

he,,he,,
nice poem..
ei lay thar so kyate poe loak bu,,pin pan loh,
paw tin be cha me,phyit chin tar phyit,

commentinfo By: ei lay at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment