ကျွန်တော်မျက်မမြင်
လူတွေက အချစ်နဲ့ပါတ်သတ်ရင်
မျက်မမြင်တွေပဲ
အချစ်ကို ဟိုစမ်းဒီစမ်းနဲ့
ရှာဖွေတွေ့ရှိကြတယ်
တချို့က လက်ကိုတွေ့တယ်
ဘယ်လိုဖြစ်ဖြစ်လက်ကိုမလွှတ်ဘူး
တွဲသွားလေ့ရှိတယ်
အချို့ ခြေထောက်ကို တွေ့တယ်
သွားမယ် လာမယ်
လျှောက်သွားကြတယ်
တစ်ချို့ကကြတော့
ဆံပင်ကို စမ်းမိကြတယ်
ဆံပင်ရှည်မှ ကြိုက်တယ်
ဆံပင်တိုမှ ကြိုက်တယ်
ပိတုန်းရောင်မို့ ကြိုက်ကြတယ်လေ……..။
တစ်ချို့ များကြတော့
ကံကောင်းတယ်လေ
နှလုံးသားကို စမ်းမိတယ်
အချစ်စစ်နဲ့ဆုံကြတယ်
အချို့ကြတော့
ဦးနှောက်ကို စမ်းမိတယ်
စဉ်းစား ချင့်ချိန်တတ်တဲ့လူနဲ့တွေ့တယ်…..။
အဟဲ ကျွန်တော်လဲ 
ချစ်တတ်တယ် 
ကျွန်တော်လဲ မျက်မမြင် ဖြစ်ချင်တယ်
ကျွန်တော့်ချစ်သူကို
ကျွန်တော် စမ်းကြည့်တယ်
အဲ အဲ
တွေ့တယ်
အေးစက်စက်နဲ့
မျက်လုံးဖွင့်ကြည့်မိတယ်
ဟိုက်………….
လက်ထိပ်ကြီး………။
အဲ မေ့လို့ ဟုတ်သားပဲ
သူမ ကရဲမေလေ
ကျွန်တော့်ကို မဟုတ်တာ မထင်နဲ့နော်……….။
Comment #3
ကဗျာလေးက ရီရတယ် .. အဟားဟား 😀
                        By: No Name at Dec 27, 2011
                    Comment #4
ha,,,,ha,,,,,,,,,,,,,
he,,,,,,,,,,,,,he,,,,,,,,,,,
really reallyyyyyyyyyyyyyyyyyyyyyy like.
superrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrrr niceeeeeeeeeeeee.
                        By: ei lay at Dec 29, 2011
                    Comment #5
That great
                        By: s at May 10, 2016
                    



 
Comment #1
အချိန်တိုင်း ကူညီပါရစေလို့ ပြောနေရင်တော့ ခက်တော့မှာပဲ
😀