သတိရခြင်း အခမ်းအနား ( ၂ )
သတိရတယ် ….. ရိုစီ
ငါ နင့်ကို သတိရတယ်
နင့်ကို ငါ သတိရတယ်
သတိရတယ်…… ရိုစီ
သတိရတာ က ငါပါ
နင်ပါ ထိခိုက် သွားလို့လား
အချိန်တိုင်း နင့်ကို သတိရနေတယ် ဆိုတာ နင်သိနေတယ်ပေါ့
စိတ်အနှောင့်အယှက် ဖြစ်နေလို့လား
ငါ့ အကြောင်း တွေးမိရင်
နဲ နဲ လေးလောက် အဟဲ ရင်ခုန်နေတုန်းမလား
အနေမနီးကြလည်း စိတ်စိတ်ချင်း အဆက်အသွယ် မပြတ်ကြေးနော် ။
သတိရတာ လွန်လွန်းနေမလား မသိ
နင့်ကို သတိရမိတိုင်းလေ ငါ “ဟိုလေ … ဟိုဟာ“
ဒါပေမယ့် ငါ နင့်ကို သတိရ ကြောင်း စာပို့မလို့
ဒို့ အဆင်သင့် ရှိခဲ့ပေမယ့် ဘယ်တုန်းကမှ နင့်ဆီ
ငါ့ သတိရစာတွေ မရောက်ခဲ့ဘူးနော် ။
အဆီအငေါ်မတည့်တဲ့ စကားတွေက ရင်ထဲကလာတာ မဟုတ်ဘူး
နဂါးလို အကြည့်ရိုင်းတွေ ဘယ်တုန်းကမှ မပေးဘူး ဒါလည်း
နင်သိတယ်
နင်သိနေတယ် ……
ဒါပေမယ့်
ငါ့ကို နင်မယုံဘူး
မယုံတာလား မယုံနိုင်တာလား မယုံချင်တာလား
ငါ နင်ကို သတိရတာ
နင်သိတယ်
ဒါပေမယ့် နင် မသိချင်ယောင်ဆောင်တာလား
နင် မသိချင်တာလား
နင် မသိနိုင်တာလား
နင် ဥပေက္ခပြုသွားလေပြီလား စိုးတ ထိတ်ထိတ်နဲ့
အိပ်မရတဲ့ ညပေါင်းလည်း ရှိတယ် ။
နောက်ဆုံး အရိုးရှင်းဆုံးနဲ့ မင်းကို ဖွင့်ပြောရရင်
” ငါ နင့်ကို သိပ်ချစ်တယ် ”
ဒီလို ဖွင့်ပြောလိုက်ရင် နင်ယုံနိုင်မလား
ချစ်တယ် ဆိုတာကို သွယ်ဝိုက် မရေးဖွဲ့ တတ်
ခိုင်းနှိုင်းလည်း မရေးဖွဲ့တတ်ခဲ့
ဒဲ့ ပြောတတ်တဲ့ အကျင့် ဒီမှာ အသုံးချလိုက်ရတာပေါ့ ။
ထားပါတော့ လေ
နင် သိတာ မသိတာ ထား
နင် ယုံတာ မယုံတာ လည်း ဒီအတိုင်းလေးထား
အရင်တိုင်းလေးပဲ နေကြရအောင်လား
ဒါပေမယ့် သတိတော့ ထား
လမ်းလျှောက်ရင် ဒေါက်မြင့် စီးပြီး လမ်းလျှောက် မထွက်နဲ့
သတိပေးတာ မဟုတ်ဘူး နင် မစီးတတ်တာကို သိလို့
နင် ချော်လဲ အရှက်ကွဲမှာ မမြင်ချင်လို့
သတိရတာကို
အလွန်အကျွံ့ မရေးဖွဲ့ ချင်ဘူး
သတိရတာ က သတိရတာပဲလေ
ကိုယ်က သတိရတာလေ
(၁၁ မတ်၊ ၂၀၁၁) တမ်းချင်း
Comment #2
he,,he,,,
i don’t think so..
u might b shorter than her.
By: ei lay at Dec 13, 2011




Comment #1
……………………………..
😀