Professional Authors

အဇ္ဇုတ္တသက်ငြိမ်

ဒုက္ခတွေ ပန်ကာလို
တရစပ်လည်နေတဲ့အခန်းလေး
သူ့ နွေးထွေးခြင်းက ပါချီပါချပ်
သူ့ သည်းခံခြင်းက
သားရေပေါ်အိပ် သားရေနားစားခံရတယ်။
သံသယတွေ မဆန့် မပြဲ
ထည့် သိုထားတဲ့ ဘီရိုတလုံး
အချိန်တန် လက်တုန်လာလို့ 
ဖန်ခွက်ဆွဲယူလိုက်တော့
နောင်တ တစ်လုံး ခွမ်းခနဲ ကျကွဲသွားတယ်..။

In: ကဗျာ Posted By: Date: Jul 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment