Professional Authors

“ ဆိတ်ငြိမ်ခြင်းများ ဆိတ်ငြိမ်သွားသောအခါ”

ဟိုး………………………………………………………………………………..

အသူရာနက်တဲ့ ချောက်အောက်ခြေကနေ  ငါ့ကို ပြန်လည်တွန်းတင်လိုက်ပေါ့

လှိုက်ဖို လွင့်မျော နာကျင် အေးစက် ထုံထိုင်း

လေ တဟူးဟူးလား

ငါ တစ်သက်လုံးပြောခဲ့တဲ့ စကားလုံးတွေလား

ကျိုးကြေသွားခဲ့သော အရိုးများ

ပြုတ်ပြတ်ထွက်ခဲ့ရသော အကြောများ

တစ်ခုချင်း တစ်လွှာချင်း တစ်စချင်း

ပြန်လည် တပ်ဆင်ကြပြီ

အမွှေးအမျှင်များ အသားစများ

ငါ့ကိုယ်ပေါ် ပြန်လည် ကပ်ညှိကြပြီ

အရိုး နဲ့ အကြော ကြား

အကြောက်တရားများ

ဒေါသများ နောင်တများ

လိင်စိတ်များ လောဘများ

ငါ့ကို ပြန်လည်အနိုင်ကျင့်ကြပြီ

အသားစများကြား

ငါ့ရဲ့ လှပသောရူးမိုက်မှုများ ၊ကြမ်းရှသော အတွေ့အကြုံများ

ကျရှုံးခဲ့သော အောင်မြင်မှုများ၊ အောင်မြင်ခဲ့သော ကျရှုံးမှုများ

လှစ်ကနဲ ဖျတ်ကနဲ

ပြန်လည်တိုးဝင်ကြပြီ

ငါခွဲဖောက်ပစ်ခဲ့တဲ့ ငါ့ကမ္ဘာ

တစ်စက္ကန့်ချင်း တစ်စက္ကန့်ချင်း  ကွာကျခဲ့သော အနာဖေးများ

တစ်လွှာချင်း တစ်လွှာချင်း ပြန်လည် ဖုံးအုပ်ကြပြီ

အမြစ်များပေါ် အမြစ်များ

ထပ်ကာ ထပ်ကာ ပြန်ပွား…ပွား….. ပွား…….ကြပြီ။

ထုံထိုင်း နာကျင် ထုံထိုင်း နာကျင် ထုံထိုင်း နာကျင် ထုံထိုင်း နာကျင် ထုံထိုင်း နာကျင်

အလာခရီးတုန်းက ငါ့ကို နှိပ်စက်ခဲ့သော

အတားအဆီးများ သစ်ပင်များ ဆူးငြှောင့်များ

ရှောင်ကြ ရှားကြလော့

ငါ ပြန်လာပြီ ငါပြန်လာပြီ

လမ်း

အပြန်လမ်း

ဒဏ်ရာဆီ အပြန်လမ်း

အမာရွတ်ကနေ ဒဏ်ရာဆီ ပြန်သွားတဲ့လမ်း

အမာရွတ်ကနေ ဒဏ်ရာဆီ ပြန်သွားတဲ့လမ်းမှာ အော်သံတစ်ချက်တည်းနဲ့ ပြန်လည်ခရီးနှင်လိုက်ပါပြီ

……………………………………………………………………………………………………..အား။   ။

(Kitaro ရဲ့ Silence ကိုခံစားရေးဖွဲ့သည်)                                                                                 (၁၂။၁၂။၁၂။)

                                                                                                (ဆရာများဆောင်၊ဟင်္သာတ တက္ကသိုလ်။)
ရှိန်ဝါ ရေးဖွဲ့သည်။

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

In: ကဗျာ Posted By: Date: Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment