Professional Authors

နှလုံးသားငြိမ်းချမ်း​ရေး

ဘယ်​အရာကများ…
နှလုံးသားငြိမ်းချမ်း​စေမှာလဲ
ခံစားတတ်​တဲ့ငါပါ
အ​တွေးနွံမှာ​မေ့​မြောလို့
ငါဖို့​တောင်​မှငါမသိပဲ
နင့်​အတွက်​ပဲစိတ်​ပူမိတာပါ….
ငါကချစ်​တတ်​တဲ့သူ
လွမ်းဖို့လဲမ​မေ့တတ်​တဲ့…လူ
နင်​မသိချင်​​တော့တဲ့…ချစ်​သူ

နင်​​လေ…
ဘ၀တစ်​ခုလုံးပုံအပ်​ခဲ့တဲ့နင်
ခု​တော့လဲ…
နင့်​အရိပ်​ကို​တောင်​နင်​ဖွက်​ထား
ငါ့နားမှာ​တော့အလွမ်း​ငွေ့​တွေ​ဝေ
သွား​တော့အသက်​​ရေ
သွားပါ​တော့​လေ…
နှင်း​တွေ​ဝေ​နေတဲ့လမ်း
နင်​​ဖြောင့်​​ဖြောင့်​သွားနိုင်​ပါ​စေ

ဆည်းလည်း​လေး​တွေမြည်​​နေတယ်
ငြိမ်း​အေးမှုရှာခဲ့တိုင်း​လေ
နင်​ကျန်းမာလို့ချမ်းသာပါ​စေလို့
မမှီမကမ်းလှမ်းလို့​မေတ္တာပို့တာ
ခေါင်း​လောင်းသံများကြားမိတဲ့အခါ
ကျေးဇူးပြု ပြီး…သတိရ​ပေးပါ
အ​ဝေးကအညတရတစ်​​ယောက်​က
နင်​​အေး​အေးချမ်းချမ်းအိပ်​​ပျော်​သွားရင်​​လေ
နှလုံးသားငြိမ်းချမ်း​ရေးရမှာပါ….။

In: ကဗျာ Posted By: Date: Oct 14, 2014
Comment #1

ခံစားချက် အပြည့်နဲ့ဖတ်ကြည့်တာ မျက်ရည်တောင်ဝဲလာတယ်

commentinfo By: sue myat at Oct 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment