Professional Authors

လိုအပ်ခြင်းနတ်ဖုရား

 

 

 

ငါ့ဘဝရဲ့ မှတ်တိုင်တွေမှာ

ချစ်သူ  နင်ပဲတစ်တိုင်ပြီး တစ်တိုင် စိုက်ထူ

အရာရာမှာ ခေါင်းစီးဖြစ်လာသူ

ဘာမဟုတ်တဲ့ င့ါအတွက်တော့

နင်က တော်ဝင်ပြဇာတ်

အရာရာမှာ ခမ်းနားခြင်းနဲ့ ပြည့်စုံသူ

 

မိုးသည်းည ကလေကဝသီချင်းသံလို

လေထန်ည အပေအတေတွေ ကဟန်လို

ဆောင်းတွင်းညလယ် သူရူးတွေမြူးသလို

ငါဆိုတာကလည်း

အထိန်းအကွပ်မဲ့ ယောင်ခြောက်ဆယ်

ဒါပေမဲ့

ရိုးရိုးလေးပဲ

ငါနင့်ကိုချစ်တယ်

 

ကောင်မလေးရေ

နင် ဘာကိုမဆို ဆေးခြယ်မှုန်းတတ်နေသလား

အရာရာဟာ နင်နဲ့ဆိုရင်လှတယ်

မျက်လုံးမှိတ်ထားရင်တောင်

ငါ့အနံ့ခံ အာရုံမှာ နင်ကသက်တန့်လိုရောင်စုံတယ်

ဟုတ်လိမ့်မယ်

နင်ကငါ့ရဲ့ လိုအပ်ခြင်းနတ်ဖုရား

အရာရာကို ဖန်ဆင်းမှုပြုတယ်

 

သူမက မုန်တိုင်းတွေတောင်

လေပြည်လိုသက်ဆင်းစေတယ်

မာနတွေကို ကြွေခစေတယ်

မရေမရာတွေကို သေချာစေတယ်

ဘာပါလိမ့်

သူမက ကျွန်တော့်အတွက်

မညှာမတာ သွန်သင်နေတဲ့

ကောင်းကင်လည်းဆန်ပြန်တယ်

 

ကြယ်ကြွေညတွေမှာ ဆုမတောင်းရဘူးတဲ့

သူမက မတောင်းတဲ့ဆုတွေတောင် ပြည့်စေတယ်

ဒိုင်ယာရီမရေးရဘူးတဲ့

စာမျက်နှာတွေကို သူမ အချစ်နဲ့ဖြည့်တယ်

ကျွန်တော် သက်ပြင်းမချတတ်တော့ဘူး

ကျွန်တော် စိတ်မညစ်တတ်တော့ဘူး

ဟုတ်တယ်

သူမက ကျွန်တော့်ရဲ့ လိုအပ်ခြင်းနတ်ဖုရား

အရာရာကို ဖန်ဆင်းမှုပြုတယ်

 

ကြက်ခြေခတ်X

ဆယ်ရယ် ဆယ့်နှစ်လ နှစ်ထောင့်ဆယ့်တစ်

ညနေ လေးနာရီ နှစ်ဆယ့်နှစ်မိနစ်

သောကြာ

 

 

 

 

In: ကဗျာ Posted By: Date: Dec 10, 2011
Comment #1

heart hti twar p.

commentinfo By: ei lay at Dec 10, 2011
Comment #2

နင်ကငါ့ရဲ့ လိုအပ်ခြင်းနတ်ဖုရား

အရာရာကို ဖန်ဆင်းမှုပြုတယ်

commentinfo By: Nge Lay at Dec 10, 2011
Comment #3

ငါဆိုတာကလည်း

အထိန်းအကွပ်မဲ့ ယောင်ခြောက်ဆယ်

ဒါပေမဲ့

ရိုးရိုးလေးပဲ

ငါနင့်ကိုချစ်တယ်…… ကြက်ခြေရေ အားပေးသွားတယ်နော်……

commentinfo By: May Kha at Dec 10, 2011
Comment #4

ငါဆိုတာကလည်း

အထိန်းအကွပ်မဲ့ ယောင်ခြောက်ဆယ်

ဒါပေမဲ့

ရိုးရိုးလေးပဲ

ငါနင့်ကိုချစ်တယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment