အတိတ်၌ …… အိပ်စက်မှု ……….နိုးထနိုင်ပါစေ..
ငါ၏စိတ်အစဉ်၌ ထွက်ပေါက်ရှိပါစေ…………
သင် နှင့်ပတ်သတ်ခဲ့သောအတိတ်တို့၌ ပြန်လည်စီးမျောကြည်နူးမှုတို့အားလည်း
အငွေ့အသက်မျှပင် မကျန်ရှိစေလိုတော့ပါ
ရင်ခုန်သံစည်းချက်များ အထိန်းအကွပ်မဲ့ ပရမ်းပတာဖြစ်ခြင်းသည်သာ
ကုရာနတ္ထိ ဆေးမရှိဆိုက အိုးထိန်းစက်တစ်မျှ ခါရမ်းဘိသော
ဤနှလုံးသည်သာ တစ်ခဏမျှ (မရလျှင်) ထာဝရရပ်တန့်သွားပါစေ
တစ်ခါက ယစ်မူးတိမ်းညွတ်ဖွယ် သင်၏အကြည့်၊ သင်၏ပြုံးသယောင်ဟန်အမူအယာတို့မှာ
သင်နှင့်ငါအကြား သူစိမ်းသူရံစာထက်ပိုခဲ့ကြောင်း
ချွင်းချက်မရှိ အခိုင်လုံဆုံး သက်သေအကြောင်းအရာများဖြစ်ပါမည်
ဤသည်ကိုပင် မညှာမတာ ဥပေက္ခာပြု ထားရက်ခဲ့သူ
အသင့်အား နာကြည်းထိုက်သော်လည်း ဆတ်ဆတ်ခါနာခဲ့သည့်အသည်းက
အသင့်အား အတားအဆီးမရှိ မငြိုးအတေးမရှိ လမ်းဖွင့်ပေးခဲ့ချေပြီ
အသင် ရောင့်ရဲနိုင်ပါစေ…….
တစ်ချိန်က သင့်အတွက် ကြည်ဖြူစွာ ပေးဆပ်စတေးခဲ့ရသည့်
ငါ၏ဘ၀၊ သိက္ခာ၊ ဆန္ဒတို့ကိုလည်း ဘ၀သင်ခန်းစာအဖြစ်
သင်၏နှလုံးသားပြဋ္ဌာန်းစာအမှတ်(၁)၌ ကြားညှပ်ပေးလိုက်ပါသည်
အတိတ်အကြောင်းအရာများအား
ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ခံစားမနေလို၍လည်း……………….
( ရင်နှင့်မဆံ့သောချစ်ခြင်းကို အလွမ်းဖြင့်ပုံဖော်ခဲ့ဖူးသည်……)
slwal




Comment #1
အသင့်အား နာကြည်းထိုက်သော်လည်း ဆတ်ဆတ်ခါနာခဲ့သည့်အသည်းက
အသင့်အား အတားအဆီးမရှိ မငြိုးအတေးမရှိ လမ်းဖွင့်ပေးခဲ့ချေပြီ
အသင် ရောင့်ရဲနိုင်ပါစေ…….
slwal.အားပေးသွားပါတယ်။