Professional Authors

နတ်သတ်ပင်

အချစ်ကို မယုံကြည်တော့ရင်
အချစ်ကို ကိုးကွယ်လို.မရဘူး
ငါ့အဖြစ်က အဲဒါပဲ။

လောကမှာ နိယာမတစ်ခုပဲရှိတယ်
“အလိမ်မခံနိုင်ရင် လိမ်လိုက်”
ရင်နာမိတော့ စကားပါနာတယ်။

(၁)
ဒီညမှ လကပိုကွေးတယ်
နတ်သမီးက လေးညှို.ကြိုးကို
တိုးလို.တင်းအောင်ဆွဲချိန်ပြီ ထင်ရဲ.
မအိပ်ရဲတော့ဘူး
အိပ်မက်ကို ဖောက်ထွင်း
မြားတစ်စင်း ၀င်လာလိမ့်မယ်။

မတူညီမှုတွေကို ညှိနှိုင်းနေခဲ့ကြတာနဲ.
တူညီမှုတွေထဲက
ဆန်.ကျင်ဘက်ကို မေ့ခဲ့တယ်။

တကယ်တော့
ရေခဲမှတ်နဲ. ရေဆူမှတ်ဟာ
ပြဒါးတိုင် တစ်ခုထဲမှာပဲ
ဒီရေအတက်နဲ.အကျဟာ
ကမ်းခြေတစ်ခုထဲမှာပဲ
လဆန်းရက်နဲ. လဆုတ်ရက်ဟာ
လမင်းတစ်စင်းထဲမှာပဲ။

ငါ့ကိုချစ်တဲ့သူနဲ. ငါ့ကိုမေ့သွားတဲ့သူက
တစ်ယောက်ထဲပဲလေ
ငါကဘာကိုတမ်းတနေတာလဲ
ငါ့ကိုချစ်ခဲ့သူကိုလား
ငါ့ကိုပြစ်ခဲ့သူကိုလား
အဖြေက အထင်းသားဆိုပေမယ့်
ငါမရှောင်နိုင်သေးဘူးလေ။

(၂)
လေးညှို.ပေါ်ကို မြားတင်ပြီးတော့
လူတိုင်းပစ်တတ်တာပေါ့
အရေးကြီးတာ “အချိန်အဆ”။

ဟင်းအိုးထဲကို ငပိဆားပျားတွေ
လူတိုင်းထည့်တတ်တာပေါ့
အရေးကြီးတာ “အချိုးအဆ”။

ဆည်ထဲကရေတွေအားလုံး
အထိန်းအကွပ်မဲ့ လွှတ်ပေးလိုက်ရင်
လယ်ကွက်တွေအားလုံး ပျက်စီးကုန်မယ်
ဒီလိုမျိုး
ငါ့အချစ်တွေကိုဆည်ကန်.ထားခဲ့ရမှာ။

ပျိုးအောင်စေတဲ့ မိုးက
ပျိုးခင်းကို ပြန်ဖျက်စီးသလိုမျိုး
ကျန်းမာစေတဲ့ဆေးက
များလာရင် အဆိပ်ဖြစ်သလိုမျိုး
ငါ့အချစ်တွေ
လွန်ကျွံသွားတယ်လို.ပဲတွေးလိုက်ပါတယ်
မင်းကို အပြစ်မတင်ရက်ခဲ့ပါလေ။

(၃)
သုံးပွင့်ဆိုင်ဇာတ်လမ်းဆိုရင်
တစ်ယောက်တော့ နာကျင်ရလိမ့်မယ်။

ရုပ်ရှင်တွေထဲမှာ ဆိုရင်တော့
အဲဒီကောင် ဗီလိမ်ပေါ့
ပြဇာတ်တွေထဲမှာ ဆိုရင်တော့
အဲဒီကောင် ခဲပေါက်ခံပေါ့
ဘယ်နှယ့်လုပ်မလဲ
လူတစ်ယောက်က လူတစ်ယောက်ကိုချစ်တာနဲ.
သူ.မှာ လူပေါကြီးဖြစ်ရ
သူ.မှာ လူကြမ်းကြီးဖြစ်ရ
ငါအခုမှ စာနာတတ်ခဲ့တာ။

ကောင်မလေးချစ်ရင် ဇာတ်လိုက်ပေါ့
လူကြမ်းပိုင်တဲ့အရာကို လွယ်လွယ်ယူလို.ရတယ်ပေါ့
ငါ့နန်းတော်က တိုက်ခိုက်သိမ်းပိုက်ခံရတာ မဟုတ်ဘူး
အတွင်းလူက မြို.တံခါး ဖွင့်ပေးလိုက်တာ။

(၄)
ဖရောင်းတိုင်လို
တစ်ဘ၀လုံးအရည်ပျော်အငွေ.ပျံပြီးတော့ကို
အလင်းရောင်ပေးခဲ့တာပါ
တိမ်တွေလို
အားလုံးကို မိုးအဖြစ်ရွာချပြီးတော့ကို
အေးမြစေခဲ့တာပါ။

အခုတော့
ဘာမှမကျန်တော့ဘူး
ဘာဆိုဘာမှ မကျန်တော့ကြောင်း
ငါဘယ်လိုပြောလို.ထွက်မှာလဲ။

အမုန်းမရှိ အာဃာဓ မရှိ
ဘာဆိုဘာမှမရှိ
ပကတိ သူစိမ်းသက်သက်လို
ငါဘာကိုမှ မတောင်းဆိုတော့ဘူး
ငါဘာကိုမှမပေးနိုင်တော့ဘူး
သန္ဓေသားလို
ဝမ်းနဲ.လွယ်ယူစောင့်ရှောက်လာတဲ့ ဥပေက္ခာ
အဆုံးစွန် နာကျင်ခြင်းများနဲ.အတူ
ဖွားမြင်ခဲ့ပြီ။

ရှေ.ရေးကို ကြိုမြင်လို.
တစ်ပင်မသေခင် တစ်ပင်စိုက်ခဲ့တယ်
တစ်တိုင်မကုန်ခင် တစ်တိုင်မီးညှိခဲ့တယ်
အခုတော့
မင်းခါးသီးခဲ့တဲ့ငါ့အချစ်
အသစ်လည်းမရှိတော့ဘူး
အဟောင်းလည်း ကုန်ပြီ
ဒီတစ်သက်စာအတွက် ဒီတစ်ဇာတ်
နတ်သတ်လို.သေပြီ။

(နိဂုံး)
………………………..
……………………………….
……………………………………….
ထိုသို. ဖြစ်ခဲ့ပြီးသည်နောက်…………..
………………………………………………………

ထန်းလည်ဆစ်ကျိုး
ပြတ်ခဲ့တဲ့ သံယောဇဉ်
အချစ်ကို မကိုးကွယ်ချင်တော့တာမဟုတ်ဘူး
အချစ်ကိုမယုံကြည်နိုင်တော့တာ။      ။

In: ကဗျာ Posted By: Date: Aug 10, 2010
Comment #1

အချစ်ကို မကိုးကွယ်ချင်တော့တာမဟုတ်ဘူး
အချစ်ကိုမယုံကြည်နိုင်တော့တာ။ ။
(: (: (:

ဒါဆိုရင် ဘာကိုယုံရတော့မလဲ….
ကိုယ့်ဘာကို စဉ်းစားကြည့်တာပါ….

commentinfo By: ဖြိုးဖြိုး at Aug 10, 2010
Comment #2

ဘာကိုမှမယုံပါနဲ.လေ
ကို.ကိုယ်ကိုတောင်ယုံမရတာပဲ
အော်အနိစ္စအနိစ္စ

commentinfo By: mawni at Aug 10, 2010
Comment #3

ငါ့နန်းတော်က တိုက်ခိုက်သိမ်းပိုက်ခံရတာ မဟုတ်ဘူး
အတွင်းလူက မြို.တံခါး ဖွင့်ပေးလိုက်တာ။

အဲ့ဒီစာသားကိုသိပ်ကြိုက်တယ်ဗျာ၊ ခံစားချက်ခြင်းတိုက်ဆိုင်သွားတော့ဒဏ်ရာတွေ
ပြန်အသက်ဝင်လာတယ်။

commentinfo By: terry at Aug 10, 2010
Comment #4

စိတ်အရမ်းညစ်နေတာ …ဒီကဗျာဖတ်ကြည့်လိုက်တော့ပို ပြီး ညစ်သွားတယ်…ဟဲဟဲ ကဗျာက လန်းလွန်းလို့
ပိုခံစာသွားရတာ ။ :):):):):):)

commentinfo By: naynyo23 at Aug 10, 2010
Comment #5

ကောင်းတယ်ဗျာ….:)

commentinfo By: အနက်ရောင် at Aug 10, 2010
Comment #6

စာသားတွေ အရမ်းကောင်းတယ်၊ အဲ့လိုပဲလဲဖြစ်သင့်တယ်၊ မှန်တယ်.

commentinfo By: wathan at Aug 10, 2010
Comment #7

ကဗျာကောင်းလေးပါပဲရှင်…

commentinfo By: မှုံရွှေရည် at Aug 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment