Professional Authors

ဧဒင်တမ်းချင်း

ဧဒင်တမ်းချင်း

မင်း ပြောတဲ့ ပုံပြင်တွေကို
မငြီးမငွေ့ နားထောင်ရင်း
ကိုယ့် ဘ၀က
တိမ်တွေထက် သာတယ်

လမ်းဆုံးကို ကိုယ် မြင်နေရပါတယ် ….. ချစ်သူ
အပျက်အစီးတွေ များမယ်မှန်းသိရဲ့  နဲ့ 
နှလုံးသားကို ၀င်ကြေးပေးပြီး ၀င်လာခဲ့တဲ့
အဲ့ဒီလမ်းလေးက
ကိုယ့်အတွက် ရနံ့  မွှေး အချို့ ကို လက်ဆောင်တော့ပေးခဲ့ တယ်

ဝေးကွာလွန်းတယ်ဆိုတာ သိရက်နဲ့ 
မဖြစ်နိုင်တော့ဘူးဆိုတာ သိရက်နဲ့ 
ကိုယ် က မိုးရာသီကို ယက်လုပ်
မိုးကြိုး များကာနိုင်မလားလို့ ပေါ့

ပန်းသီးကို ကိုယ်မကြိုက်ဘူး
ချောကလက်လည်း မစားချင်ဘူး
ကိုယ်က
ဧဒင်ဥယျာဉ်မှာ ပန်းတွေပွင့်မယ့်နေ့ ကို ပဲ
စောင့်မျှော်နေတယ်..။

                              

                                    မိုးအိမ်
In: ကဗျာ Posted By: Date: Jul 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment