Professional Authors

တခါသုံး ချစ်သူ

တခါသုံး ချစ်သူ

စိတ်ထဲက မပါပေမဲ့
တခါသုံးချစ်သူ အမှိုက်များ
နှလုံးသားကို လာလာကစားကြ

ဟောဒီကောင်ကလည်း
ခဏခဏ အသည်းကွဲဖူးပေမဲ့
မိန်းမပျက်နှုတ်ခမ်းပါးလို
မာယာစုံ အကုန်စား
အညှာလွယ်လိုက်ပုံများ ….

မမေ့ဖြစ်တာတွေလည်း ရှိတယ်
မမေ့ချင်တာတွေလည်း ရှိမယ်
သေချာတာကတော့
ရွှေ့သမျှအကွက်တိုင်း
ကောင်မလေးတွေကပဲ အနိုင်ပိုင်းပိုင်းနေတာ ..
ခက်တယ်……….

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Apr 30, 2011
Comment #1

မိန်းကလေးတွေဘက်ကလည်း ခံ၇တာတွေရှိပါတယ်
ဒါက လည်းအပြန်အလှန်ပေါ့နော်

commentinfo By: Flora White at May 1, 2011
Comment #2

Ha..ha..
Ta narr phoe lone wa ma Kaung par bu..

commentinfo By: ei lay at Dec 29, 2012
Comment #3

ဟုတ်ကဲ့ သနားပါလို့လည်း မရေးမိပါဘူး။

commentinfo By: ChIr0N at Dec 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment