Professional Authors

မှားများနေလား

ဒို့ရွာရဲ့ကလေး လေးတန်းအောင်ရင်
ဘာလုပ်မလဲ ဆရာမေးတော့
ထိုင်းသွားမှာတဲ့ သူငယ်တန်းကလေး
ကျောင်းလာအပ်တော့
မေဖေမပါ
ဖွားအိုတစ်ယောက်နဲ့
မေ ဖေတွေက
ယိုးဒယားမှာတဲ့
ရွာကအိမ်တွေ
ကြည့်လိုက်ပြန်တော့
အိုကြီးအိုမ
ဖိုးဖွားတွေပဲ
တို့မြန်မာစာ
သင်နေရတာ
မှားများနေလား။     ။

မြန်မာ့မြေမှာနေနိုင်ကြပါစေ

In: ကဗျာ Posted By: Date: Oct 17, 2013
Comment #1

ဝေဖန်မှုက အားဆေးတစ်ခုပါ
အကောင်းအဆိုး ဝေဖန်မှု ကိုမျှော်လင့်မိတယ်

commentinfo By: zinthu at Oct 17, 2013
Comment #2

ကျွန်တော်က နားဝေးလို့လားမသိဘူး
ဘာမှကို မခံစားလိုက်ကဘူး…
sorry ပါ…..

commentinfo By: thawna at Oct 19, 2013
Comment #3

ကျွန်တော်လည်း ဘာမှကို မခံစားလိုက်ရဘူး ဘာကိုမက်စေ့ပေးသွားမှန်းကိုမသိတာ

commentinfo By: ap at Oct 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment