Professional Authors

ရင်ဘတ်ထဲက သင်္ချိုင်း

ရင်ဘတ်ထဲကသင်္ချိုင်း
စုန်းတစ္ဆေညချမ်းမှာ
ငါ့နှလုံးသားကိုကုတ်ခြစ်ဖို့ လက်သည်းရှည်ရှည်တွေပေးစမ်းပါ။
အချိန်မတော်လခြမ်းက
အေးစက်တဲ့မင်းရင်ခွင်မှာခေါင်းခွေ့၊
ရင်ခုန်သံဖြူဖပ်ဖြူရော်တွေက
သွေးစို့နေတဲ့မင်းရဲ့ပါးပြင်ပေါ်မှာ နွမ်း..ခွေ
သံရိုက်ထားတဲ့မျက်လုံးတွေကို
ရှုံ့ထားတဲ့မျက်ခုံးတွေပေါ်မှာချိပ်ဆွဲပြီး
ငါ့ကိုအဆိပ်မခပ်ပါနဲ့တော့
ငါတော့
နာရီတွေကိုရိုက်ခွဲပြီး
ငါ့ကိုငါ
လွမ်းတယ်လို့ပဲ
အော်ဆဲပစ်လိုက်ချင်တယ်။

In: ကဗျာ Posted By: Date: Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment