Professional Authors

“ဒုတိယအသက်အတွက်~တယုတယဖတ်စာ”

နင်…
သိုဝှက်တယ်နော်
နင်…
သိပ်လျှို့ ဝှက်တာပဲ
နင်…
နေတတ်လိုက်တာ
နင်…
အရမ်းပြတ်သားတတ်ပ
နင်ဟာ
ခန့် မှန်းရခက်တဲ့ 
ကောင်မလေးဖြစ်လို့ များ
ငါနင့်ကိုယ် သိပ်ချစ်မိတာလား…???
နင်…
ကျိတ်မှိတ်နိုင်တယ်
ဘာမှမဖြစ်သလို
နင်…ဟန်ဆောင်တယ်

ငါခံစားရရင် နင်မျှဝေယူကာ
နင်ကြေကွဲတော့ ငါဘာမှမတတ်သာခဲ့ဘူး…
အသက်နဲ့ မမျှတဲ့ နင်ရင့်ကျက်မှု့ တွေက

တစ်ခါတစ်ခါ သွေးပျက်မတက်
ငါ့ကိုယ် အတွေးနက်စေခဲ့တယ် …

နင်နဲ့ ငါ့ရဲ့ ဘ၀က
တကယ်တော့ ခြားလှပါတယ်ဟာ

တစ်ခါတစ်ခါ စိတ်ကူးကြည့်ယုံလောက်ပဲကောင်းတာမို့ 
ငါ့အတွေးတစ်ချို့ လက်တွေ့ ကိုကြာကြာပေးဖို့ 
မဆွေးရဲခဲ့ဘူး …

တစ်ခါတစ်ခါ ကံကြမ္မာကိုတောင်
ကြံဖန်ကာ ကျေးဇူးတင်ပါသေးတယ်
နင်နဲ့ လာဆုံးဆည်းပေးလို့ လေ …

နင်ဟာ ငါမပိုင်တဲ့ 
ငါ့ရဲ့  ဒုတိယအသက်လို့ ပြောတော့
နင် ရယ်ချင်ရယ်မှာပေါ့ …

တစ်ချို့ အရာတွေမှာ
လူတစ်ယောက်အတွက်
အသေးအဖွဲအဖြစ်အပျက်တွေဟာ
တစ်ခြားလူအတွက်
အရေးကြီးခွင်ကျယ်ဖြစ်တတ်တာ
နင်…မသိလို့ ပါလား ….
ငါကနင်နဲ့ ပက်သက်လာရင်
အရာရာတိုင်းကိုပင်
sensitive ဖြစ်ချင်ခဲ့တာ
ပြင်လို့ မရတဲ့  ငါ့အမူတစ်ခုပါ …

လူတစ်ယောက်ဟာ မျှော်လင့်မိရင်
မျှော်လင့်မိသလောက်
ပြန်ရတတ်တယ်ဆိုပေမယ့်
နင်ဟာ ငါမျှော်လင့်လို့ မရတဲ့ ဘဝ
စိတ်ကူးနဲ့ ဘ၀ ခြားနားနေခဲ့ရတာ ~

တကယ်တော့ … နင်နဲ့ ငါဟာ
၃ နဲ့ ၎ လို ကျောချင်းကပ်လို့ 
နှလုံးသားချင်းအပ်နိုင်ပေမယ့်
ဘယ်တော့မှ နီးစပ်ဖို့ မဖြစ်နိုင်တဲ့ ဘ၀တွေဆိုတာ
ငါသိလိုက်ပါတယ်ဟာ ~

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ
ပေးဆပ်ခြင်း ၊ ဖြည့်ဆည်းခြင်း
စွန့် လွှတ်ခြင်း ၊ အနစ်နာခံခြင်း
အနွံ့ တာခံခြင်း ၊ ဂရုစိုက်ခြင်း
နားလည်ခြင်း နဲ့ မြတ်နိုးခြင်းလို့ 
ငါယုံကြည်တယ်လေ~

မျှော်လင့်ထားတဲ့
ငါ့အိပ်မက်တွေ အရည်ပျော်ကျလို့ 
လက်တွေ့ မှာမပိုင်ဆိုင်လိုက်ရပေမယ်
ငါဝမ်းနည်းတာတစ်ခုတည်းပါ …
ငါလိုချင်တဲ့ အရည်အချင်းတို့ 
နင့်ဆီမှာ အကုန်ရှိနေလို့ ကို
စွန့်လွှတ်ရမယ်ဆိုတဲ့ အသိတစ်ချို့ က
ငါ့ရင်ကို စို့ နင့်လို့ ပေါ့ဟာ ~

ဒါပေမယ့် … ငါနားလည်လိုက်ပါတယ်လေ
ငါဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းလိုလေ
“မထိုက်တန်သူဆိုတာ
မြတ်နိုးရစမြဲပါပဲ “
တဲ့လေ …

ငါ…အမှန်ကန်ဆုံးပြောပါရစေသားဟာ
နင့်ကိုယ်ငါ မြတ်နိုးစွာချစ်မိသွားတာ
မလိမ်ညာရိုးအမှန်ပါကွာ !!!
! _ !

♥MOESUTNAY♥
2.6.2010(Wed)
2:00a.m.

In: ကဗျာ Posted By: Date: Jul 24, 2010
Comment #1

“မထိုက်တန်သူဆိုတာ
မြတ်နိုးရစမြဲ.” တဲ့
.) cool…

commentinfo By: waimoethu at Feb 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment