Professional Authors

ငါမှားသွားတယ် ချစ်သူ

အချစ်ချင်း ပြိုင်ရင် ငါပိုတယ်လို့ ထင်ခဲ့ပေမယ့်
ခေတ္တခဏ ငါစိတ်ကစားမိတာ သိရက်နဲ့
မသိချင်ယောင်ဆောင်ပြီး ငါ့ကိုဖေးမတဲ့ ချစ်သူ

ရန်ဖြစ်တိုင်း ငါပဲအလျှော့ပေးရတယ်လို့ ထင်ခဲ့ပေမယ့်
ငါတကယ်မှားတော့ အပြုံးမပျက်
နားလည်ပေးပြီ ငါ့ကိုနားလည်တဲ့ ချစ်သူ

ငါ့ကို ချစ်တယ်လို့ အကြိမ်ကြိမ် မပြောခဲ့ပေမယ့်
မုန်းမေ့ဖို့ ဘယ်တော့မှ မပြောဖူးလို့
အကြိမ်ကြိမ်ပြောတဲ့ ချစ်သူ

ငါစိတ်ကောက်ရင် မချော့ပေမယ့်
စိတ်အားငယ်ချိန်တိုင်း နှစ်သိမ့်ပေးတဲ့ ချစ်သူ

ချစ်သူ…. တကယ်တော့
နင်ဟာ ငါ့အတွက် မရှိမဖြစ်ပါ
လမ်းခွဲစကား ပြောခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်
ငါမှားသွားတာကို နင်အပြစ်မယူတာ
ငါ့ကို ချစ်လို့ ဆိုတာ
ယုံကြည်ပါပြီင်္………….

(စာကြွင်း……. ခဏတာ အရူးမ ငါ ကဗျာ အဆက် တစ်ပုဒ်ပါ )

In: ကဗျာ Posted By: Date: Dec 18, 2011
Comment #1

inn…
lane mar lar p..
po chit twar p.
he,,he,,,

commentinfo By: ei lay at Dec 18, 2011
Comment #2

အင်း…အမှားကိုသိမြင်ပြီးဝန်ခံခြင်းဟာ မင်္ဂလာတစ်ပါးပေပဲ။ နောက်ဒါမျိုးလုပ်ရဘူးနော်..ဒါပဲ။

commentinfo By: ကိုကိုဖရီး at Dec 18, 2011
Comment #3

ဟုတ်ကဲ့ပါ ကိုကိုဖရီးရယ် နောက်လည်း မလုပ်ရဲတော့ပါဘူး ဟဲဟဲ

commentinfo By: linn at Dec 23, 2011
Comment #4

အချစ်ချင်း ပြိုင်ရင် ငါပိုတယ်လို့ ထင်ခဲ့ပေမယ့်
ခေတ္တခဏ ငါစိတ်ကစားမိတာ သိရက်နဲ့
မသိချင်ယောင်ဆောင်ပြီး ငါ့ကိုဖေးမတဲ့ ချစ်သူ

ရန်ဖြစ်တိုင်း ငါပဲအလျှော့ပေးရတယ်လို့ ထင်ခဲ့ပေမယ့်
ငါတကယ်မှားတော့ အပြုံးမပျက်
နားလည်ပေးပြီ ငါ့ကိုနားလည်တဲ့ ချစ်သူ

ငါ့ကို ချစ်တယ်လို့ အကြိမ်ကြိမ် မပြောခဲ့ပေမယ့်
မုန်းမေ့ဖို့ ဘယ်တော့မှ မပြောဖူးလို့
အကြိမ်ကြိမ်ပြောတဲ့ ချစ်သူ

ငါစိတ်ကောက်ရင် မချော့ပေမယ့်
စိတ်အားငယ်ချိန်တိုင်း နှစ်သိမ့်ပေးတဲ့ ချစ်သူ

commentinfo By: အသဲကွဲမိုး at Jun 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment