Professional Authors

ငွေလမင်း…….

မြင်ရောင်ချင်တယ်…
ရောင်နီရယ်…
ကြုံဖူးချင်တယ်..
ဂုဏ်ထူးတွေနဲ့…
ရော်ကြွေရွက်ဝါ..
မြေမှာခလို့..
နောက်လှည့်ကြည့်ရင်..
ကျောပဲရှိတဲ့….
အရှုံးသုညတလုံးကို….
နင်ပြုံးပြုံးလေးနဲ့…
ကယ်တင်ခဲ့တယ်…
တန်ဖိုးဆိုတာ…
ကုလားဖန်ထိုးခံထားရတဲ့…
ဖဲတစ်ချပ်လို..
အောင်မြင်ချင်းဟာ….
အရောင်မဲ့ဇုန်ထဲ…
ပျောက်ဆုံးနေခိုက်…
နင်ဟာ…
ဆာဟာရထဲ လဲပြိုကျသူ…
ငါ့ကိုထူရင်း….
ပျော်ရွှင်ခြင်း ရေကြည်တစ်ပေါက်..
စွန့်ကြဲခဲ့တဲ့ နင်ဟာ…
ငါ့အတွက်တော့….
ငွေလမင်း……………….

In: ကဗျာ Posted By: Date: May 8, 2013
Comment #1

ခံစားအားပေးသွားပါသည်

commentinfo By: ei lay at May 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment