Professional Authors

ဂုတ်ပေါ်မှာ ခွစီးနေသော နတ်ဆိုး

အတောင်ပံတပ်ထားတဲ့ နတ်ဆိုးက
ငါ့…အခန်းဝရှေ့ ဘာကြောင့် ခဏခဏ လာရပ်ပြသလဲ။
စကားလုံးတွေ၊ ငွေတွေ….
ဂေါ်လီလို လိမ့်လိမ့်ဆင်းသွားကြ ။

ခေတ်ကာလ မျက်ရည်တွေထဲ
ငါ့ မျက်ရည်စက်များ အောက်ကျနောက်ကျ နိုင်လွန်းလှပ။
ငွေကြေးနဲ့ထွန်ယက်လို့မရနိုင်ဘူးထင်သမျှ
ငွေကြေးနဲ့ပဲဝယ်ယူ ထွန်ယက် စိုက်ပျိုးသူတွေက စိုက်ပျိုးကြ..။

ခေတ်သစ်ဈေးဗန်းထဲ အရောင်းအ၀ယ်မဖြစ်တာ
စာရိတ္တ ပဲလို့ ကဗျာဆရာက ရေးရင်
အရူးလို့ပဲထင်ချင်ကြ…။

ငါ့မှာက…
တောအုပ်ထဲညဖက် မြင်းထွက်ထွက်စီးနေသလို ဘ၀နဲ့
ခဏခဏ ခလုတ်တိုက်တဲ့နေ့တွေများလှ။
လ ကုန်တိုင်း မက်မိတဲ့ အိပ်မက်
ငါ့…အိတ်ကပ်လေးက ဆာလောင်လွန်းလို့ငိုနေရောတဲ့..။

ဘာမှမရှိတာထက် စာရင် ငါ့မှာ
လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ်
လွင့်လွင့် ထွက်သွားမှာစိုးလို့….။
စုပ်ကိုင်ထားရတာ မောလှတယ်။

(အငွေ့)

In: ကဗျာ Posted By: Date: Jun 30, 2011
Comment #1

ငါ့မှာက…
တော့အုပ်ထဲညဖက် မြင်းထွက်ထွက်စီးနေသလို ဘ၀နဲ့
ခဏခဏ ခလုတ်တိုက်တဲ့နေ့တွေများလှ။
လ ကုန်တိုင်း မက်မိတဲ့ အိပ်မက်
ငါ့…အိပ်ကပ်လေးက ဆာလောင်လွန်းလို့ငိုနေရေ
ကိုအငွေ့အားပေးသွားတယ်..

commentinfo By: အသဲကွဲမိုး at Jun 30, 2011
Comment #2

ကျေးဇူးပဲဗျာ..အသဲကွဲမိုးရေ.. ကျွန်တော်လည်းမရေးတာကြာပြီ စိတ်ကူးပေါက်မှ ထထ ပွင့်တဲ့ ကဗျာတွေကို အခုမှ ပဲတင်ဖြစ်တယ်။

commentinfo By: အငွေ့ at Jun 30, 2011
Comment #3

အငွေ့ကဗျာ..တွေတိုင်းလိုလို..ကိုမိုးဖတ်ဖြစ်ပါတယ်….ကြိုက်လည်းကြိုက်တယ်….ပုံမှန်လည်းဖတ်ချင်ပါတယ်

commentinfo By: အသဲကွဲမိုး at Jun 30, 2011
Comment #4

ဘာမှမရှိတာထက် စာရင် ငါ့မှာ
လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ်
လွင့်လွင့် ထွက်သွားမှာစိုးလို့….။
စုပ်ကိုင်ထားရတာ မောလှတယ်။
မိတယိကွာ..။ 🙂

Comment #5

🙂 Like../

commentinfo By: အမြဲစိမ်း at Jul 1, 2011
Comment #6

ကောင်းတယ်…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 1, 2011
Comment #7

ဘာမှမရှိတာထက် စာရင် ငါ့မှာ
လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ်
လွင့်လွင့် ထွက်သွားမှာစိုးလို့….။
စုပ်ကိုင်ထားရတာ မောလှတယ်။

commentinfo By: May Kha at Jul 3, 2011
Comment #8

ဘာမှမရှိတာထက် စာရင် ငါ့မှာ
လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ်
လွင့်လွင့် ထွက်သွားမှာစိုးလို့….။
စုပ်ကိုင်ထားရတာ မောလှတယ်။

commentinfo By: MyoZin at Jul 3, 2011
Comment #9

ဘာမှမရှိတာထက် စာရင် ငါ့မှာ
လူပီသခြင်းဆိုတဲ့ ဂုဏ်ဒြပ်
လွင့်လွင့် ထွက်သွားမှာစိုးလို့….။
စုပ်ကိုင်ထားရတာ မောလှတယ်။
ကောင်းတယ်ဗျာ
အငွေ့ ကို ခံစားသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment